Channel Myanmar

MC Calaquian

Instant Daddy (2023) 7.5
Instant Daddy (2023) Instant Daddy (2023)မိခင်မရှိဘဲ ခက်ခက်ခဲခဲနဲ့ ကြီးပြင်းလာတဲ့ ဗယ်တစ်ယောက် မိခင်ကစွန့်ပစ်ခဲ့မှန်း သိသွားတဲ့အခါ သူ့ဘဝရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။အရွယ်ရောက်လာတဲ့အခါ ဘဝကိုထူထောင်ဖို့ကြိုးစားနေရင်း ဘဝထဲကို ရုတ်တရက် သမီးလေးတစ်ယောက် ရောက်လာတဲ့အခါ မိသားစုဘဝမှာ မပြည့်စုံခဲ့တဲ့သူတွေက ဘယ်လောက်ကျင်နာပြီး ဂရုစိုက်ပေးတတ်သလဲ ဆိုတာမြင်တွေ့ရမယ့် ပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။ဖခင်မေတ္တာကို အပြည့်အဝ မြင်တွေ့ရမယ့်ဒီပညာပေးဇာတ်ကားလေးမှာ ဗယ်နဲ့ မီရာတို့ရဲ့ သားအဖနှစ်ယောက်ကြား ကြည်နူးဖွယ်ဘဝလေးကို ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 695MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Instant Daddy (2023)

2023
Partners in Crime(2022) 6.5
Partners in Crime(2022) Genre - Comedy IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ ...
movie

Partners in Crime(2022)

5 in 1 (2022)
5 in 1 (2022) (18+) 5 in 1(2022)ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့ လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့ ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ... ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌ အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့ ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါဒါပေမဲ့ ...
movie

5 in 1 (2022)

Ang Manananggal na Nahahati ang Puso (2021)
Ang Manananggal na Nahahati ang Puso (2021) Ang Manananggal na Nahahati ang Puso (2021)================================ဒီတစ်ခါမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေး တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက Mythologyကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက် ဖိလစ်ပိုင်ရိုးရာ ဒဏ္ဍာရီလာ သတ္တဝါဆန်းတွေ အကြောင်း အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအမျိုးအစားလေးကတော့ romance နဲ့ mythology ကို ရောသမမွှေထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရသလို လေးလေးနက်နက်နဲ့ သင်ခန်းစာယူလို့လည်း ရတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အီတလီနိုင်ငံကနေ ပညာတော်သင်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား မြို့သားအဆင်လေးက ဖိလစ်ပိုင်ရိုးရာ ရှေးဟောင်းသတ္တဝါတွေအကြောင်း စာတမ်းပြုစုဖို့ ထူးဆန်းတဲ့ ကျွန်းကို ရောက်လာပါတယ်။ဒီလိုရောက်လာချိန်မှာ tourist guide အဖြစ် လိုက်လုပ်ပေးတဲ့ ဒေသခံမိသားစုအိမ်မှာ တည်းခိုပါတယ်။ဒေသခံမိသားစုဆိုတာကလည်း တကယ်တမ်းတော့ ယုံတမ်းပုံပြင်တွေကို အဟုတ်ဖြစ်အောင်လုပ်ပြီး အလိမ်အညာ စီးပွားရှာနေတဲ့ အဖွဲ့ပါပဲ။ဒီအဖွဲ့က ထုံးစံအတိုင်း မင်းသားကိုပါ အမြတ်ထုတ်စီးပွားရှာတဲ့အခါ ရိုးသားတဲ့ မင်းသားတစ်ယောက်က အဟုတ်ကြီးထင်ပြီး ယုံစားနေပါတော့တယ်။ဒီလိုနဲ့ အချိန်အနည်းငယ်အတွင်းမှာ မင်းသားက လူလိမ်အဖွဲ့ထဲက မိန်းကလေးကို မေတ္တာသက်ဝင်မိပါတော့တယ်။ဒီအချိန်မှာ မထင်မှတ်ဘဲ မင်းသားတစ်ယောက် ...
movie

Ang Manananggal na Nahahati ang Puso (2021)

2021
Gandarrapiddo!: The Revenger Squad (2017) 4.8
Gandarrapiddo!: The Revenger Squad (2017) ခုတင်ပေးတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးက Barcelona …Gangster … အစရှိတဲ့ ဇာတ်ကားထဲမှာ Romantic ဆန်ဆန် ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Daniel Padilla ပါဝင်ထားတဲ့ စွမ်းအားရှင် Comedy ဇာတ်ကားမျိုးလေးပါ။ဂန်ဒါရ လို့ခေါ်တဲ့ စွမ်းအားရှင်ဦးဆောင်တဲ့အဖွဲ့ဟာ ဒေါက်တာကလင်းရဲ့ညွှန်ကြားချက်နဲ့ ဗီလိန်အရူးဆီကနေ ချီနိုလေးကိုကယ်တင်ဖို့ တိုက်ပွဲဆင်နွဲခဲ့ကြပါတယ်။ တိုက်ပွဲမှာ အနိုင်ရရှိကြပေမယ့် မမျှော်လင့်ဘဲ ဂန်ဒါရခေါင်းကိုထိပြီး အတိတ်မေ့သွားခဲ့တယ်… သူတို့တွေဟာ လူတွေကြားထဲ သာမာန်မိသားစုသဖွယ်နေထိုင်နေပေမယ့် ၂၁ နှစ်အရွယ်ကိုရောက်လာမယ့် ချီနို့ကြောင့် ဂန်ဒါရရဲ့အဖွဲ့သားတွေဟာ စိုးထိတ်နေကြတယ်… တစ်ဖက်မှာလဲ လူဆိုးတွေရဲ့တိုက်ခိုက်မှု နောက်ကွယ်ကကြိုးကိုင်ထားတဲ့ မီနိုဆိုတဲ့အန္တရာယ်ကို ဘယ်လိုချေမှုန်းကြမလဲဆိုတာကို ဟာသဆန်ဆန် စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။  File size…(1 GB) and (500 MB) Quality…HD-Rip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Htoo Ka Joe   
movie


2017