Channel Myanmar

Meeko

House of Dolls (2023)
House of Dolls (2023)    ခြောက်ခြားဖို့ကောင်းတဲ့ အရုပ်မအိမ် လူသတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် introမှာ လူ၂ယောက်ကို ရက်ရက်စက်စက် သတ်ပြသွားတာနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်း အစကနေ အဆုံးထိ ရှယ်ကိုသတ်တာဆိုတော့ Horrorကြိုက်တဲ့လူတွေအတွက် ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။ပြဿနာ အကြီးကြီးဖြစ်ထားကြလို့ ဖအေတူ မအေကွဲ ညီအစ်မ ၃ယောက်ဖြစ်တဲ့ ချာလီ၊ ချားလော့၊ ဒိုင်ယာနာတို့က မခေါ်မပြောဘဲ နေနေကြပါတယ်။ တစ်နေ့မှာ သူတို့၃ယောက်ရဲ့အဖေဖြစ်သူ ဆုံးပါးသွားလို့ သူတို့၃ယောက် ပြန်လည်ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်။ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သမီး၃ယောက်ကို ပေါင်းစည်းပေးဖို့အတွက် အမွေပစ္စည်းတွေကို ပေးဖို့ဆိုပြီး အရုပ်မအိမ်ကို ညီအစ်မ၃ယောက်ကို ခေါ်လာခဲ့ပါတယ်။ အရုပ်မအိမ်လို့ခေါ်ရတဲ့အကြောင်းရင်းက အိမ်ကြီးကို ကလေးတွေဆော့တဲ့ အရုပ်အိမ်လိုမျိုး တည်ဆောက်ထားလို့ပါ။ ဒီအိမ်ကြီးထဲမှာ အမွေပစ္စည်းဥစ္စာတွေကို ရှာဖွေရင်း မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာတော့ ......အညွှန်းနဲ့ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(750 ...
movie

House of Dolls (2023)

Clementine (2019) 5.1
Clementine (2019) Clementine (2019)~ IMDb - 5.1/10, Rotten Tomatoes - 63% ~အေးအေးဆွေးဆွေးလေး ကြိုက်တဲ့သူတွေအတွက် ၂၀၁၉ မှာထွက်ရှိထားတဲ့ Sydney Sweeney နဲ့ Otmara Marrero တို့ ပါဝင်တဲ့ ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။အသည်းကွဲဒဏ်ရာကနေကုစားဖို့နဲ့ သူ့ရဲ့ခွေးလေးကိုပြန်ရဖို့ ကယ်ရန်တစ်ယောက် သူ့ရည်းစားဟောင်းဖြစ်သူရဲ့ ကန်စပ်အိမ်မှာသွားနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင် သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ငယ်ငယ်ရွယ်ရွယ် လာနာနဲ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခုရှိလာပါတယ်။ဒါပေမဲ့ အဖြစ်အပျက်တွေက ချောမွေ့မနေဘဲ တစ်ဖက်က ပွင့်လင်းမှုမရှိတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေဖြစ်လာတတ်တဲ့အတိုင်း သူတို့ကြားမှာလည်း မပြေလည်မှုတွေပေါ်လာပါတော့တယ်။ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာကတော့ Lara Gallagher ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲဒါရိုက်တာကြီးမဟုတ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်ညွှန်းတွေက အတော်လေးကို အဆွေးဘက်ရောက်တယ်လို့ပြောနိုင်ပါတယ်။စကားပြောရင် ဆက်တိုက်မပြောဘဲ ကြားထဲနားပြီး တစ်ယောက်‌နဲ့တစ်ယောက်စိုက်ကြည့်နေတာမျိုးတွေ၊ ကင်မရာကို ဖြည်းဖြည်းလေး ရွေ့သွားတာမျိုးတွေ၊ သံစဥ်ဆွေးဆွေးလေးတွေကို သင့်သလိုသုံး‌သွားတာတွေက အနုပညာမြောက်တယ်လို့ဆိုနိုင်ပါတယ်။ဒီဇာတ်ကားက အနုပညာဆန်ဆန် ...
movie

Clementine (2019)

2019