Channel Myanmar

Meg Imperial

Two of Us (2023) 6.0
Two of Us (2023) အစ်ဇဘယ်ဟာ တကိုယ်ရည်မိခင်တစ်ယောက်ဖြစ်ပြီးမွေးရပ်မြေမှာ သူ့မိခင် အစ်မဖြစ်သူတို့နဲ့ကျန်ခဲ့တဲ့ သားဖြစ်သူရဲ့အနာဂတ်အတွက်ဟောင်ကောင်မှာအလုပ်လုပ်နေရတာပါ။တစ်နေ့မှာတော့ အေဂျင်စီအပြောင်းအလဲနဲ့ အလုပ်လက်မဲ့ဖြစ်နေရင်း သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အေဂျင်စီအသစ်ပိုင်ရှင် ခရစ်စ်နဲ့တွေ့ဆုံခဲ့ရပါတယ်။ခရစ်စ်ဟာ အားကိုးရာမဲ့နေတဲ့သူ့ကို အစစအရာရာဖြည့်ဆည်းပေးရုံတင်မကပဲ သူအဆိုကောင်းကြောင်းကိုသိတဲ့အတွက် ဘားပိုင်ရှင်သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးရင်း သူ့ကိုဘားရဲ့ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ရုပ်ရည်ပြည့်စုံသလို ကြင်နာတတ်တဲ့ ခရစ်စ်ကိုအားကိုးချင်စရာတံတိုင်းတစ်ခုအဖြစ်မှီတွယ်ရင်း သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။တစ်ဖြည်းဖြည်းအနေကြာလာချိန်မှာ သူ့ကိုတရားလွန်ခင်တွယ်လွန်းတဲ့၊ သဝန်ကြောင်လွန်းတဲ့ ခရစ်စ်ရဲ့ဗီဇတွေကို သိရှိလာရရင်း ဖိလစ်ပိုင်က သူ့အစ်မဖြစ်သူ မီရာတစ်ယောက်ဟောင်ကောင်ကိုလိုက်လာချိန်မှာတော့ ခရစ်စ်ရဲ့အမှောင်ဘက်ခြမ်းတစ်ခုလုံးနဲ့ ရင်ဆိုင်တွေ့ရဖို့ အစ်ဇဘယ်အတွက်အကြောင်းဖန်လာပါတော့တယ်။နာမည်ကျော် အဆိုတော်မင်းသမီး Empress Schuck ခေါင်းဆောင်ပါဝင်ထားတဲ့ Two of us ဟာငြိမ့်ငြိမ့်ညောင်းညောင်းခံစားကြည့်ရှုရမယ့် တေးသံစုံဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Two of Us (2023)

Adik Sa’Yo(2023) 6.7
Adik Sa’Yo(2023) Adik Sa'Yo(2023)*************** ‌လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့ကအရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန်အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,,စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် ...သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီးလမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ...
movie

Adik Sa’Yo(2023)

Dulo (2021) 5
Dulo (2021) Dulo(2021)ဒီတစ်ခေါက်တင်ဆက်‌ပေးလိုက်တာကတော့အချစ်ကားတစ်ကားဖြစ်တဲ့Duloပဲဖြစ်ပါတယ် Tinder appကိုသုံးရင်း ပါတီပွဲတစ်ခုမှာမထင်မှတ်ဘဲတွေ့ဆုံခဲ့ရာက ချစ်ခဲ့ကြတဲ့ ဘီနီကာနဲ့ ဒက်တိုအချစ်ရေးက ခုနှစ်လအကြာမှာတော့အပြောင်းအလဲတွေ့ခဲ့ပါတော့တယ် ဘွဲယူဖိုအတွက် အမေရိကားကိုပညာသင်သွားရတော့မယ့်ဘီနီကို ဒက်ကလက်မလွှတ်ချင်ခဲ့ပါဘူး နှစ်နှစ်တာကြာမြင့်မယ့်ဒီခရီးက သူတိုရဲ့အချစ်ရေးကိုပိုခိုင်မြဲစေမှာလား ဒါမှမဟုတ်ဒါကသူတိုနှစ်ယောက်ရဲ့အဆုံးသတ်ပဲလား အမြဲအသစ်အဆန်းကိုစူးစမ်းရှာဖွေစွန့်စားချင်ပြီး ခရီးပတ်ထွက်ရတာကိုပျော်တဲ့ ဘီနီကာနဲ့ တစ်နေရာတည်းမှာပဲအခြေချနေထိုင်ချင်တဲ့ ဒက်စတာတိုနှစ်ယောက်ရဲ့ relationshipကအဆင်ပြေပြေလက်တွဲသွားနိုင်မလားဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်အချစ်ကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုဖိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunniနဲ့ Poeပဲဖြစ်ပါတယ်  File size…1.2GB / 662MB Quality…1080p WEB DL / 720p Format…Mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK & Thit San Khant Translated by Yunni & Poe
movie

Dulo (2021)

2021
Nilalang (2015) Geisha of Death
Nilalang (2015) Geisha of Death အခုတင်ဆက်ပေးမှာတော့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ မာရီယာအိုဇာဝါရဲ့ဖိလစ်ပိုင် Action/Horror ဇာတ်ကြမ်းကားလေးပါ... နည်းနည်းတွေဝေသွားတယ်မလား... ဒီနာမည်က ငါသိတဲ့နာမည်လားဆိုရင်တော့ ဟုတ်ပါတယ် ... ဂျပန်အပြာရုပ်ရှင်လောကရဲ့‌နာမည်ကြီးမင်းသမီးချော မာရီယာအိုဇာဝါကိုယ်တိုင်ပါပဲ... သူနဲ့ ဖိလစ်ပိုင်ကသရုပ်ဆောင်တွေနဲ့တွဲရိုက်ထားတဲ့ ဇာတ်ကားပါ...။အမှုထမ်းစရာ သခင်ရှိတဲ့အခါ ဆာမူရိုင်းလို့ခေါ်ပြီးတော့ အမှုထမ်းစရာ သခင်မရှိတော့တဲ့အခါ ရိုနင်လို့ခေါ်တာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဆာမူရိုင်းတွေဟာ အမြဲလိုလိုဓားတိုတစ်လက် အရှည်တစ်လက်ဆောင်ရပြီးတော့ အမြဲဝတ်စုံပြည့်နဲ့နေရလေ့ရှိပေမဲ့ ရိုနင်တွေကတော့ အမှုထမ်းစရာ သခင်မရှိ‌တော့တဲ့အတွက် ဓားရှည်တစ်ချောင်းနဲ့လွတ်လွတ်လပ်လပ် အရပ်သားအသွင်ယူပြီးလှုပ်ရှားသွားလာလေ့ရှိတယ်‌ပေါ့ဗျာ။အဲဒီဆာမူရိုင်းတွေရော ရိုနင်တွေရော ခေတ်အဆက်ဆက်လက်ဆင့်ကမ်းပြီးစောင့်ရှောက်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ရှိတယ်... မမြင်နိုင်တဲ့စွမ်းအားတချို့နဲ့လဲ ဆက်နွယ်နေသေးတယ်.. အဲ့ဒီစာအုပ်နဲ့ ဖိလစ်ပိုင်က စုံထောက်ကြီးနဲ့ ဘယ်လိုပက်သက်သွားမှာလဲ၊ အဘိုးဖြစ်သူရဲ့ဂိုဏ်းကိုဦးစီးနေတဲ့ မီရူကိတစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့မာရီယာအိုဇာဝါကြီးကရော ဘယ်လိုနေရာကနေပါဝင်လာမလဲဆိုတာ...။ထူးဆန်းတဲ့ပရလောကအကြောင်းကို ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ တင်ဆက်ထားတာမို့ ကြည့်လို့မိုက်နေမယ်ဆိုတာ ညွှန်းဆိုလိုပါတယ်။  File size…(1.4 GB)/ (870 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Nilalang (2015) Geisha of Death

Ex With Benefits (2015) 5.7
Ex With Benefits (2015) အခု ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တဲ့ Ex with benifitsဆိုတဲ့ ဖိလစ်ပိုင်ကားလေးထဲမှာတော့ …အာကီရှာ နဲ့ ကတ်စ်ထရန့်စ်တို့ဟာ တစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ…ဒါပေမယ့် တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် နှစ်ဦးသားရန်ဖြစ်ကြပြီး…အာကီရှာ ဟာထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါတယ်…ဖုန်းနံပါတ်ပါပြောင်းသွားတဲ့အပြင် အဆိုးဆုံးက အတူတူတက်နေကြတဲ့ ဆေးကျောင်းကပါ ထွက်သွားခဲ့တာပါ…ကျန်ခဲ့တဲ့ကောင်လေး ကတ်စ်ထရန့်စ်ကတော့ နောင်တတွေနဲ့အရူးတစ်ပိုင်းပေါ့…ဒီလိုနဲ့ ဆယ်နှစ်ကြာပြီးတဲ့အခါမှာမှ ထွက်ပြေးသွားတဲ့ကောင်မလေး အာကီရှာနဲ့ ကတ်စ်ထရန့်စ်တို့နှစ်ဦးသား အလုပ်အတူလုပ်ရဖို့အကြောင်းဖန်လာပါတယ်…သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြတဲ့အခါမှာတော့……?????အာကီရှာဟာ ဘာလို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ…အရင်က ဆေးကျောင်းသူလေး အာကီရှာတစ်ယောက်ရဲ့ ဘဝဘယ်လိုများပြောင်းလဲသွားလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ…ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးများရဲ့ထုံးစံအတိုင်း ပေါ့ပါ့ပါးပါးနဲ့ ကြည့်ရှုသူပရိသတ်တွေကိုနှစ်သက် သဘောကျစေမှာဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုလိုက်ပါဦးလို့… File Size : (900 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle ...
movie

Ex With Benefits (2015)