Channel Myanmar

Megan Black

Alison’s Choice (2015) 4.9
Alison’s Choice (2015) Alison's Choice (2015) ================18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံး အကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ် တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်း ရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများ တွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်း အဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရ ပါ​​တော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာ ကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင် စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Alison’s Choice (2015)

2015
Who Killed Our Father? (2023) 5.8
Who Killed Our Father? (2023) Who Killed Our Father? (2023)လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 700MB Quality - 1080p, 720p IMDb Rating ...
movie

Who Killed Our Father? (2023)

2023