Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Megan Gay
5.4
Æon Flux(2005)
AEon Flux (2005) ==============၂၀၁၁ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုက ကမ္ဘာ့လူဦးရေရဲ့ ၉၉ရာခိုင်နှုန်းကိုသေဆုံးစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ထရေဗာဂွတ်ချိုင်းလ် က ကုသနည်းကို တီထွင်ခဲ့ပါတယ်။ငါးသန်းသော အသက်ရှင်ကျန်ရစ်သူတွေက ကမ္ဘာမှာ တစ်ခုတည်းကျန်တဲ့မြို့ ဘရက်ဂ်နာမှာ နေထိုင်ကြပါတယ်။ဂွတ်ချိုင်းလ်ဟာ နှစ် ၄၀၀ လောက်အထိ အုပ်ချုပ်ခဲ့ပြီးနှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံဟာ တဖြေးဖြေးနဲ့ ပြိုလဲလာပါတယ်။ဂွတ်ချိုင်းလ်အစိုးရဟာ လူပျောက်မှုတွေကို လစ်လျူရှူရုံတင်မကသူတို့ကို အာခံသူတွေကိုပါ သုတ်သင်ကြပါတယ်။ပြည်သူတွေဟာ သူတို့မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ ခြောက်လှန့်တာလည်း ခံစားနေရပါတယ်။ဒီတော့ ဂွတ်ချိုင်းလ်အစိုးရကို ဆန့်ကျင်ဖို့ မော်နီကန်ဆိုတဲ့လက်နက်ကိုင်ဆန့်ကျင်သူအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File size…1.43GB / 594MB Quality…BluRay 1080p5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Æon Flux(2005)
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73% နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။ (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်) File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
HEVC 1080p 5.1