Channel Myanmar

Megan Northam

Fifi (2022) 6.7
Fifi (2022) Fifi (2022) ========= IMDb Rating - 6.7/10ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီး ပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီး သူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ် ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်း နွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့ နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်း ရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ် အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.9 GB) / (796 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......C'mon Encoder..........SWM
movie

Fifi (2022)

2022
The Passengers of the Night (2022) 7
The Passengers of the Night (2022) The Passengers of the Night (2022)၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
movie

The Passengers of the Night (2022)

2022
Robust (2021) 5.7
Robust (2021) Robust (2021) ============ IMDb Rating - 5.7/10သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM
movie

Robust (2021)

2021