Channel Myanmar

Megan Tiernan

The Green Knight (2021) 7.4
The Green Knight (2021) The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie

The Green Knight (2021)

2021