Channel Myanmar

Mehdi Kerkouche

Let’s Dance (2019) 5.9
Let’s Dance (2019) Let’s dacnce (2019) (French) IMDB Rating :: 5.9/10 Let’s Dance ဆိုတဲ့နာမည်ကို မြင်လိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေရဲ့ စိတ်ထဲမှာ Step Up, The Streets, Battle, Feel the Beat စတဲ့ရုပ်ရှင်တွေကို ရုတ်တရက်ပြေးသတိရမိမှာ အသေအချာပါပဲ။ ဟုတ်ပါတယ် ..... ဒီရုပ်ရှင်ဟာ လည်း ရှေ့က ပြောခဲ့တဲ့ရုပ်ရှင်တွေလိုပဲ Comedy Musical Romance Drama ရုပ်ရှင်တစ်ကားပါ။ ဒါပေမယ့် Let’s Dance(2019)ရဲ့ ထူးခြားချက်ကတော့ ပြင်သစ်သရုပ်ဆောင်များနှင့်ပြင်သစ်စကားပြော ရုပ်ရှင်တစ်ကားဖြစ်ခြင်း၊ ပိုမိုရုပ်ရှင်ဆန်တဲ့အရောင်အသွေးများရှိခြင်း၊ ပြင်သစ်အနုပညာရဲ့အစိပ်အပိုင်းထဲက တခုဖြစ်တဲ့ Balletအက၊ ရှည်လျားပြီးသဘာ၀ကျတဲ့ စကားပြောများ၊ သေချာရွေးချယ် အသုံးပြုထားတဲ့ နောက်ခံတေးဂီတ စတာတွေပဲဖြစ်ပါတယ်။ ဂျိုးဇက်၊ အမ်မာနဲ့ အာရင်တို့ဟာ Hip Hop အကပြိုင်ပွဲတခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပဲရစ်မြို့ကိုလာခဲ့ကြ သူတွေပါ။ ဂျိုးဇက်နဲ့ အမ်မာနဲ့ဟာ ချစ်သူတွေဖြစ်ကြပြီး အာရင်ကတော့ဂျိုးဇက်ရဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပါတယ်။ အမ်မာရဲ့အဆက်အသွယ်နဲ့ သူတို့လာခဲ့ကြတာဖြစ်ပြီး သူမရဲ့အဆက်အသွယ် ယူအီ ကတော့ အမ်မာ တယောက်တည်းကိုသာပဲ အထူးအခွင့်အရေးတွေပေးချင်တဲ့ နာမည်ရအမျိုးသားကချေသည်တစ်ဦးပါ။ Hip Hop Dance ...
movie

Let’s Dance (2019)

2019