Channel Myanmar

Melanie Chandra

Onyx the Fortuitous and the Talisman of Souls (2023) 6.4
Onyx the Fortuitous and the Talisman of Souls (2023) Onyx the Fortuitous and the Talisman of Souls (2023)~ IMDb - 6.4/10, Rotten Tomatoes - 64% ~အခုနှစ်စပိုင်းလေးမှ ထွက်လာတဲ့ကားလေးပါ။ Comedy Horror အမျိုးအစားဆိုတော့ စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ကားလေးပါပဲ။အော့နစ်ကတော့ Fast Food ဆိုင် မိ့(တ်)လုဖ်မှာ အလုပ်လုပ်ပြီး ဒီအသက်အရွယ်အထိ အပေါင်းအသင်းမရှိတဲ့အပြင် အမေ့အိမ်မှာကပ်နေရတဲ့ လူပျိုရည်မပျက်သေးတဲ့အရှုံးသမားလို့ပြောလို့ရတဲ့သူမျိုးပါ။ သူ့ရဲ့ Idol ကလည်း ဘားတော့ဆိုတဲ့ အောက်လမ်းဆရာလို မှော်ဆရာလိုလိုလူပါတဲ့။ တစ်ရက်တော့ ဘားတော့က မသေမျိုးဘ၀ကိုရဖို့ နတ်ဆိုးအစီအရင်လုပ်ဖို့အတွက် နောက်လိုက်ငါးယောက်ရွေးတော့ အော့နစ်ပါသွားပြီး ဘားတော့ရဲ့စံအိမ်ကိုရောက်သွားပါတယ်။‌ဒါပေမဲ့ ဘားတော့ရဲ့အစီအရင်က ထင်သလောက်မရိုးရှင်းတဲ့အခါ အော့နစ်နဲ့ သူ့အပေါင်းအပါတစ်သိုက် အစီအရင်အကြောင်းစုံစမ်းပုံတွေကို ဟာသပေါင်းများစွာနဲ့တကွ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, ...
movie

Onyx the Fortuitous and the Talisman of Souls (2023)

2023
Clifford the Big Red Dog (2021) 6.0
Clifford the Big Red Dog (2021) ဒီ​နေ့မှာ​တော့ ချစ်စရာ​ကောင်းတဲ့ ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb 6 ရထားပြီး ကြည့်ရတာ​ပေါ့​ပေါ့ပါးပါးနဲ့ စိတ်အပန်း​​ပြေ​စေမယ့် ဇာတ်ကား​​လေးပါ၊ Universal ရုပ်ရှင်ကုမ္ပဏီက​နေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့ နာမည်ကြီး က​လေးပုံပြင်စာအုပ်ကိုအ​ခြေခံရိုက်ကူးထားတာပါနယူး​ယောက်မြို့ကြီးကို မကြာ​သေးခင်ကမှ​ပြောင်းလာတဲ့ အလယ်တန်း​ကျောင်းသူ​အမ်မလီအတွက် အ​ပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်​နေခဲ့ရတာပါ၊ ဒီလို​နေရင်းတစ်​နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်​ရေးသမားကြီးနဲ့ ​တွေ့ပြီး  ကလစ်ဖို့ဒ်ဆိုတဲ့ အ​မွေးနီနီရဲရဲနဲ့ ချစ်စရာ​ပါပီ​​လေးက သူ့ဘဝထဲကို ​ရောက်လာပါတယ် ဒါ​ပေမဲ့အမ်မလီဆီ​ရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်​လေးဟာ အံ့ဩဖွယ်ကောင်း​လောက်​အောင် နေ့ချင်းညချင်း ၁၀​ပေ​အရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ အမ်မလီနဲ့ ဦး​လေးဖြစ်သူကေစီတို့ ဒီ​ခွေး​လေး ပုံမှန်အရွယ်ပြန်ဖြစ်​​အောင် ဘယ်လိုလုပ်ကြမလဲ၊ ​ ခွေး​လေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်​နေတဲ့ နည်းပညာကုမ္ပဏီတစ်ခု​ပေါ်လာတဲ့အခါ သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအ​ချော်​လေးတွေ၊ ဟာသ​တွေအပြင် ချစ်စရာကောင်းတဲ့ ​ခွေး​လေးရဲ့အပြုအမူ​တွေကြည့်ပြီး ကြည်နူးရမှာပါ စိတ်ပင်ပန်းစရာ​တွေများ​နေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူ​တွေနဲ့တူတူ စိတ်အပန်း​​ပြေ​အောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကား​လေးပဲ ဖြစ်ပါတယ် File Size : (1.8 GB) & (1 Gb) & ...
movie

Clifford the Big Red Dog (2021)

HEVC 1080p 5.1