Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Melissa Ponzio
6.4
Teen Wolf: The Movie (2023)
ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ ...
movie
Teen Wolf: The Movie (2023)