Channel Myanmar

Mercedes Morán

La Ciénaga (The Swamp) (2001) 7.1
La Ciénaga (The Swamp) (2001) ဒီတစ်ခေါက်မှာတော့ IMDB 7.1 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်း ဆုပေးပွဲမှာ ဆုပေါင်း ၁၆ဆုနဲ့ စကာတင် ၈ ခုဝင်ခဲ့တဲ့ စပိန်စကားပြော အာဂျင်တီးနား Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူလောင်အိုက်စပ်တဲ့ နွေရာသီရဲ့ အပူကို ခံစားနေရတဲ့ မိသားစုနှစ်ခု..မယ်ချာနဲ့ တာလီတို့က ဝမ်းကွဲညီအစ်မတွေဖြစ်ပြီး မယ်ချာ့ရဲ့ အိမ်မှာ ရေကူးကန်ရှိတာမို့ တာလီ့ရဲ့ သားသမီးတွေက နွေကျောင်းပိတ်ရက်မှာ မယ်ချာတို့အိမ်ကို ရေဆော့ကစားဖို့ လာရောက်ခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်မိသားစုနှစ်ခုရဲ့ ဆယ်ကျော်သက်ကလေးတွေအကြား၊ မယ်ချာနဲ့ တာလီကြား ၊ မယ်ချာတို့အိမ်က အိမ်ဖော်မလေးနဲ့ မယ်ချာ့သမီးငယ်လေးရဲ့အကြား၊ မယ်ချာတို့ လင်မယားနဲ့ တာလီတို့လင်မယားအကြား အရှုပ်တော်ပုံတွေက ဘယ်လိုတွေပေါ်ပေါက်လာမလဲဆိုတာကိုတော့..ဘာအကြောင်းကြောင့် ဆုပေါင်း ၁၆ ဆု ရရှိခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစား အကဲဖြတ်ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။) File size…(2.8GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre...Comedy, Drama Subtitle….Myanmar ...
movie

La Ciénaga (The Swamp) (2001)

The Motorcycle Diaries (2004) 7.7
The Motorcycle Diaries (2004) ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ...
movie

The Motorcycle Diaries (2004)

Elena Knows (2023) 5.6
Elena Knows (2023) Elena Knows (2023)ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ "Elena Knows" ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား... အသတ်ခံခဲ့ရတာလား... တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 780MB Quality - 1080p, 720p IMDb Rating - ...
movie

Elena Knows (2023)

2023
Let the Dance Begin (2023) 6.9
Let the Dance Begin (2023) Let the Dance Begin (2023)~ IMDb - 6.9/10, Rotten Tomatoes - 100% ~ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ "Tango" ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ...
movie

Let the Dance Begin (2023)

2023