Channel Myanmar

Meredith Patterson

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Princess Diaries 2: Royal Engagement (2004)