Channel Myanmar

Merila Zarei

About Elly (2009) 7.9
About Elly (2009)  "အယ်လီ့အကြောင်း"လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ "ဆယ်ပီဒေ"ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ "အယ်လီ"ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ "အာမတ်"နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ "အယ်လီ" တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့..."ဆယ်ပီဒေ"တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ "အယ်လီ"ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ...
movie

About Elly (2009)

A Separation (2011) 8.3
A Separation (2011) A Separation (2011)~ IMDb - 8.3/10, Rotten Tomatoes - 99% ~ဒီဇာတ်လမ်းကတော့ အီရန်လူ့အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေအောက်မှာ ရုန်းကန်နေရတဲ့ဘဝတွေအကြောင်းဖြစ်ပြီး နာဒါ စီမင်တို့စုံတွဲနဲ့ ရာဇီရက် ဟိုဂျက်တို့စုံတွဲနှစ်တွဲက ဒီဘဝတွေကို ကိုယ်စားပြုထားပါတယ်။နာဒါနဲ့စီမင်တို့က ၁၄ နှစ်ကြာအိမ်ထောင်ရေးကိုအဆုံးသတ်ဖို့လုပ်နေကြပြီး အကြောင်းရင်းကတော့ စီမင်က သူ့သမီးကို လုံခြုံပြီးတိုးတက်တဲ့နိုင်ငံမှာ ပျိုးထောင်ချင်ပေမဲ့ နာဒါကတော့ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့သူ့အဖေကိုထားခဲ့ပြီး ဘယ်ကိုမှမသွားဖို့ဆုံးဖြတ်ထားလို့ပါ။ရာဇီရက်ဇာတ်ကောင်ကတော့ တင်းကြပ်တဲ့ဘာသာရေးနဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကိုထင်ဟပ်နေပါတယ်။ ရာဇီရက်တစ်ယောက် အိမ်ရဲ့ငွေကြေးအခက်အခဲကိုဖြေရှင်းဖို့ ယောက်ျားမသိအောင်အလုပ်ထွက်လုပ်ရာကနေ ပြဿနာပိုကြီးသွားပါတယ်။မိသားစုနှစ်ခုရဲ့ဒုက္ခသုက္ခတွေနဲ့အတူ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှု ဘာသာရေးအယူသီးမှုတွေကို Highlight လုပ်ထားတာကိုတွေ့ရမှာပါ။A Separation ဟာ Academy Award for Best Original Screenplay ဆုကို ဆန်ခါတင်ဝင်ခဲ့သလို Golden Globe မှာလည်း Best Foreign Language ...
movie

A Separation (2011)

2011