Channel Myanmar

Merve Dizdar

Have You Ever Seen Fireflies? (2021) 6.2
Have You Ever Seen Fireflies? (2021)  IMDb 6.2/10ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီးရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ်ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။“ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာစကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်းဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကိုသာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။  File size…1.76GB / 848MB Quality…NF WEB-DL ...
movie

Have You Ever Seen Fireflies? (2021)

Snow and the Bear (2022) 6.7
Snow and the Bear (2022) ~~IMDb 6.7~~ ဘဝမှာ ကိုယ်တစ်ယောက်တည်း အဖြူရောင်ဟာလာဟင်းလင်းအခန်းထဲမှာ ပိတ်ခံထားရမယ်ဆို ဘယ်လိုခံစားရမလဲ၊ ဘယ်လိုအတွေးတွေများတွေးနေမိမလဲ။ ကိုယ်နဲ့ မရင်းနှီးနဲ့နေရာမှာ မျက်နှာစိမ်းတွေနဲ့ ဒေသရဲ့အခြေအနေတွေ အနှောင့်အယှက်ဆိုတာ မျက်စိအမြင်ထက် နားနဲ့ပဲကြားရပြီ ပုံပြင်သယောင် ဒဏ္ဍာရီသယောင် အဖြေဘာလဲထက် ဘာမေးရမှန်းတောင်မသိဖြစ်နေချိန်တွေ ကို ကိုယ်တိုင်မကြုံဖူးလည်း နှာဖူးတွေ့ဒူးတွေ့ တွေ့ရမယ့်ကားပါ။ ဇာတ်လမ်းကတော့ နယ်ဘက်က ခေါင်ဖျားလှတဲ့ဒေသမှာ တာဝန်ကျလို့ ဆင်းလာရတဲ့ သူနာပြုမလေးကို အဓိကဇာတ်အိမ်တည်ထားပါတယ်၊ ဇာတ်လမ်းက အေးအေးလေးသွားတာဆိုပေမဲ့ မင်းသမီးရဲ့ မျက်နှာ အနေအထား နဲ့ တခြားဇာတ်ဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် အချိန်ကုန်မှန်းမသိတောင်ဖြစ်သွားရမယ့် ကားပါ၊ နားနားနေနေ အချိန်ဖြုန်းချင်လို့ပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျနဲ့မတူတဲ့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးကို recommend ပေးပါရစေ။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Snow and the Bear (2022)

The Fix-It Man (2022) 5.5
The Fix-It Man (2022) The Fix-It Man (2022) =================လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာ‌အပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.1 GB) / (750 MB) / (500 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Translator.......Ngwe Zin Encoder..........SWM
movie

The Fix-It Man (2022)

2022