Channel Myanmar

Mia Fowler

Dumb Money (2023) 6.9
Dumb Money (2023) Dumb Money (2023) =============== IMDb Rating - 6.9/10Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ ...
movie

Dumb Money (2023)

2023
Ben Is Back (2018) 7.0
Ben Is Back (2018) Ben is Back (2018)ဒီဇာတ်လမ်းက၂၀၁၉မှာ တန်ဖိုးအရှိဆုံးဇာတ်ကား (Cinema for Peace) အဖြစ်သတ်မှတ်ခံထားရတဲ့ဒရမ်မာကားတစ်ကားပါဆေးစွဲနေတဲ့သားကို လူကောင်းတစ်ယောက်အဖြစ်ပြန်လာနိုင်အောင်ကြိုးစားနေတဲ့မိခင်မေတ္တာအကြောင်းဖော်ကျူးထားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်ဘန် တစ်ယောက် ဆေးပြတ်ပြီးအိမ်ကို သန့်သန့်ရှင်းရှင််းပြန်လာခဲ့ပေမယ့်မိသားစုရဲ့ငြိုငြင်မှုတွေ မယုံကြည်မှုတွေကြားမှာစိတ်ပင်ပန်းစွာဖြတ်သန်းနေရတဲ့အချိန် အမေဖြစ်သူက၂၄နာရီစောင့်ကြည့်ပြီး စစ်ဆေးမှုအောင်မြင်တယ်ဆိုရင်အရင်လိုပြန်နေနိုင်မယ်ဆိုတဲ့သဘောတူညီမှုတစ်ခုလုပ်လိုက်တယ်ဘန်တစ်ယောက် စစ်ဆေးမှုကိုအောင်မြင်ပါ့မလားဘယ်လိုအနှောင့်အယှက်တွေဝင်လာဦးမလဲဘန်တစ်ယောက် မိခင်ရဲ့ကြိုးစားမှုတွေကြားမှာလူကောင်းတစ်ယောက်လို ပြန်လာခွင့်ရနိုင်ဖို့ဖြစ်နိုင်ပါ့မလားTranslated by KiraEncoded by sithu
movie

Ben Is Back (2018)

2018