Channel Myanmar

Michael Angarano

Gentlemen Broncos (2009)
Gentlemen Broncos (2009)  Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie

Gentlemen Broncos (2009)

Avenues (2017) 6.0
Avenues (2017) Avenues (2017) ============= IMDb Rating - 6.0/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.29 GB) / (529 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Theo Katt Encoder..........SWM
movie

Avenues (2017)

2017
Gentlemen Broncos (2009)
Gentlemen Broncos (2009)  Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie

Gentlemen Broncos (2009)

Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
The Forbidden Kingdom (2008) 6.5
The Forbidden Kingdom (2008) ဟောလိဝုဒ်က အာရှအက်ရှင်ဖိုက်တင်ခန်း | The Forbidden Kingdom (2008)Bruce Lee မရှိတော့တဲ့နောက်ပိုင်းမှာ တရုတ်အက်ရှင်လောကမှာ ဟောလိဝုဒ်ကိုတက်သွားနိုင်တဲ့ သရုပ်ဆောင်တွေက တော်တော်လေးကျသွားတယ်လို့ပြောရမယ်။ ဂျက်ကီချန်း၊ ဂျက်လီ၊ ဒွန်နီယန်း၊ မီရှဲယို တို့အပြင် ဒန်နီရယ်ဝူတို့လည်း ဟောလိဝုဒ်အထိတက်လာနိုင်တယ်ပြောရမှာပဲ။သိုင်းရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်တိုင်းရဲ့အိပ်မက်တစ်ခုက နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ ဘတစ်ပြန်ကျားတစ်ပြန်၊ သူသေကိုယ်သေအကြိတ်အနယ်ထိုးကြကြိတ်ကြတာကို အရသာရှိရှိကြည့်ရှုချင်ကြတာပါပဲ။ တရုတ်ရုပ်ရှင်လောကမှာတော့ ကျန်းရိမုံကြီးက Hero မှာ လျန်ကျီးဝေ၊ ဂျက်လီ၊ ဒွန်နီယန်းတို့ကိုဆုံပေးပြီး ဖိုက်တင်ချခိုင်းသလို တခြားတခြားတရုတ်အက်ရှင်တွေမှာလည်း နာမည်ကြီးတဲ့ခေါင်းကြီးပိုင်းမင်းသားတွေကို ခဏခဏသူသေကိုယ်သေဖိုက်ခိုင်းတာတွေရှိခဲ့တယ်။နာမည်ကျော် Journey to the West ဝတ္ထုကို တရုတ်ကရော၊ ဟောလိဝုဒ်ကပါ ဗားရှင်းပေါင်းစုံနဲ့ ရိုက်ကူးဖန်တီးခဲ့သလို မျိုးစုံသောရသတွေနဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေကြည့်ရှုခဲ့ရတယ်။ အထူးသဖြင့် Disney ရဲ့ American Born Chinese ဆိုတာကတော့ Journey to the west ကိုမှ ...
movie

The Forbidden Kingdom (2008)

Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

Almost Famous(2000) 7.9
Almost Famous(2000) Almost Famous(2000)===================IMDb 7.9 / Rotten Tomatoes 89%"ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါအဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်""အောင်မြင်ကျော်ကြားမှုက အရာရာပဲ""အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ်တင့်တယ်တယ်"ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေးဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသားပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ်ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်းရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကိုနှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်.... File size…2.62GB / 1.5GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 2m Genre ..... Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Almost Famous(2000)

For Richer or Poorer (1997) 5.8
For Richer or Poorer (1997) ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

For Richer or Poorer (1997)

Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

The Brass Teapot (2012) 6.4
The Brass Teapot (2012) ဒါကတော့ မကြည့်ဖူးရင်တောင် အစိမ်းသက်သက်ဖြစ်မှာမဟုတ်တဲ့ကားဟောင်းလေးတစ်ကားပါ။အဲ့လက်ဖက်ရည်အိုးနားမှာထိခိုက်နာကျင်ရင်အိုးထဲကနေပိုက်ဆံ‌တွေထွက်လာတဲ့ ဇာတ်လမ်းလေးပါ။ကြိုးစားပေမယ့် အလုပ်လက်မဲ့ဖြစ်နေတဲ့လင်မယားနှစ်ယောက်မှာအဲ့ရှေးဟောင်းလက်ဖက်ရည်အိုးရှိသွားပါတယ်။နာကျင်ရင်နာကျင်သလောက်ထိခိုက်ရင်ထိခိုက်သလောက်ပိုက်ဆံတွေအများကြီးထွက်လာတာကို သူတို့သိသွားတဲ့အခါအရာရာကို ထိခိုက်ဒဏ်ရာတွေနဲ့ ဖြေရှင်းဖို့ပဲဖြစ်လာပါတော့တယ်။ပထမတော့ ဒေါ်လာတစ်သန်းပဲရှာပြီးလွန်လာရင်ရပ်လိုက်မယ်ဆိုပေမယ့်လောဘတွေတက်လာတဲ့အခါမှာတော့.....လက်ဖက်ရည်အိုးသုံးပြီးပိုက်ဆံရှာကြပုံတွေ လောဘတွေတက်လာတဲ့အခါဖြစ်လာတဲ့လူ့သဘာဝတွေကိုဒီဇာတ်လမ်းကောင်းလေးမှာ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 949 MB , 353 MB )Quality :  WEB-DL 720pRunning Time : 1 hr 41 minFormat : Mp4Genre :  Comedy , Family , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

The Brass Teapot (2012)

2012
The Art of Getting By (2011) 6.6
The Art of Getting By (2011) The Art of Getting By (2011)_____IMDb - 6.6/10    ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။    Translated by Linn Kyaw Swar Aung Encoded by sithu
movie

The Art of Getting By (2011)

2011
Sky High (2005) 6.2
Sky High (2005) ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File Size         : 710 MB Quality           : ...
movie

Sky High (2005)