Channel Myanmar

Michael Bentt

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie

Million Dollar Baby (2004)

2004