Channel Myanmar

Michael Bott

Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie

Operation Mincemeat (2022)

In Darkness (2018) 5.8
In Darkness (2018) လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်ကားကောင်းများကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ယခုလအတွင်းကမှ ထွက်ရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Anthony Byrne ကရိုက်ကူးပြီးတော့၊HBO ရဲ့နာမည်ကျော် TV Series မှာ Margaery Tyrell အဖြစ်လည်းကောင်း၊ The Hunger Game ဇာတ်ကားတွေမှာ Cressida အဖြစ်လည်ကောင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Dormer ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== ဆိုဖီယာဟာ မျက်မမြင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ပီယာနိုပညာရှင်တစ်ဦးအဖြစ် ဘဝကိုရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာ လက်ရှိငှားရမ်းနေတဲ့တိုက်ခန်းမှာ ခြောက်လကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်နေထိုင်ခဲ့ပြီးသော်ငြားလည်း မျက်မမြင်တစ်ဦးဖြစ်တာကြောင့် အိမ်နီးချင်းမိတ်ဆွေ များများစားစားမရှိဘဲ သူ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေထိုင်တဲံ ဗရောနစ်အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့သာ ခင်မင်ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာ ဗရောနစ်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ စကားများပြဿနာတက်နေတာကိုဆိုဖီယာတစ်ယောက်ကြားကြားပြီးလိုက်ချင်းမှာပဲ ဗရောနစ်ဟာ တိုက်ပေါ်ကပြုတ်ကျလို့သေသွားခဲ့ပါတယ်။ခဏကြာပြီးနောက် ရဲတွေရောက်လာပြီးဆိုဖီ့ယာကို ဗရောနစ်သေဆုံးမှုနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ ဆိုဖီယာဟာဘာမှမကြားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ဒါနဲ့ ရဲတွေက ထိုအမှုကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုလို့သာ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။သို့ပေမယ့် သင်္ကာမကင်းတဲ့ ရဲဘက်က ...
movie

In Darkness (2018)

2018