Channel Myanmar

Michael Bublé

The Snow Walker (2003) 7.3
The Snow Walker (2003) ၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ...
movie

The Snow Walker (2003)

Daddy Daughter Trip (2022)
Daddy Daughter Trip (2022) လယ်ရီက တီထွင်ဉာဏ်ရင့်သန်သူဖြစ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်တတ်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေက ကြီးကြီးမားမား ဖြစ်မလာသေးသူပါ။သူ့ရဲ့သမီးငယ်လေး ၈ နှစ်အရွယ် မယ်ရာကတော့ ပုံဆွဲရာမှာ ထူးချွန်လှသူဖြစ်ပြီး လယ်ရီပြောပြတဲ့ပုံပြင်လေးတွေကို ပုံလေးတွေဆွဲပြီး ကြီးလာရင် ကာတွန်းရေးဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိသူလေးဖြစ်ပါတယ်။ဒီလိုနဲ့ မယ်ရာ့ရဲ့နွေဦးကျောင်းပိတ်ရက်မှာ တခြားကလေးတွေလို ကျောင်းပိတ်ရက်ခရီးထွက်ချင်ပေမဲ့ အလုပ်မရှိဘဲ အချိန်ပိုင်းတွေသာလုပ်နေရတဲ့ လယ်ရီက ခရီးပို့ပေးမယ်လို့ အရင်နှစ်က ပေးခဲ့တဲ့ သူ့ရဲ့ကတိကို တည်အောင်ကြိုးစားရပါတော့တယ်။ လယ်ရီ တစ်ယောက် အစီအစဉ်မရှိဘဲ မယ်ရာ့ကို ခြေဦးတည့်ရာခေါ်သွားရင်း ဟိုဟိုဒီဒီလုပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကံကြမ္မာက သူ့အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ခရီးသွားဘလော့ဂါ လင်မယားနှစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရာမှာတော့...သူတို့ကြား ပြဿနာတွေနဲ့ လွဲချော်မှုလေးတွေကို Comedy/Animation အဖြစ် ဟာသဆန်ဆန် ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့အတူ ကြည့်နိုင်မဲ့ ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ ...
movie

Daddy Daughter Trip (2022)