Channel Myanmar

Michael Copeman

Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie

Universal Soldier II: Brothers in Arms (1998)

Death to Smoochy (2002) 6.3
Death to Smoochy (2002) Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie

Death to Smoochy (2002)

The Fly (1986) 7.6
The Fly (1986) The Fly (1986)~ IMDb - 7.6/10, Rotten Tomatoes - 93% ~Horror တကာ့ Horror ထဲမှာမှ ကြည့်ရတော်တော် အသည်းယားစရာကောင်းတဲ့ Body Horror ကားတွေကိုမှ သိပ်ကြိုက်တဲ့သူဆိုပါစို့။ ခင်ဗျား ဘယ်လိုမှ မေ့ထားလို့မရတဲ့သူက David Cronenberg ပဲ။ သူက Body Horror တစ်လိုင်းရိုက်တဲ့သူ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ခံစားမှတ်ယူပုံချင်းမတူပေမဲ့ ရုပ်ရှင်ပွဲတော်တွေထဲကမှ Art House ဖြစ်တယ်၊ Art House ဆန်တယ်လို့ ယူဆလို့ရတဲ့ ကားတွေအများစုထဲကိုမှ ရွေးတတ်တဲ့ နာမည်အကြီးဆုံးရုပ်ရှင်ပွဲတော်တစ်ခုပြပါဆို ကိန်းကို အဓိကပြရမှာပဲ။ အဲဒီကိန်းရုပ်ရှင်ပွဲတော်ကနေ ခရိုနင်ဘတ်ရထားတဲ့ ဆုတွေကမနည်းဘူး။ ဒီတော့ သူက Body Horror ကို သူ့နည်းသူ့ဟန်နဲ့အကောင်းဆုံးပြနိုင်တဲ့ တစ်ခေတ်တစ်ယောက် ဒါရိုက်တာဆိုလည်း မမှားဘူး။ သူ့ကားတွေက အပြတွေဟာ ...
movie

The Fly (1986)

1986
The Assassination of Jesse James by the Coward Robert Ford ( 2007 ) 7.5
The Assassination of Jesse James by the Coward Robert Ford ( 2007 ) [Unicode]Assassination of Jesse James By the Coward Robert Ford (2007)IMDB Rating....... 7.5ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။ ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။ Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့ မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်‌‌တွေ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ ဟိုးအဝေးကခုတ်မောင်းလာတဲ့ ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။ ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့ ကျောက်မီးသွေး‌ငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ် သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။ ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့ ဂျက်ဆီဂျိမ်းစ်ရဲ့ ‌ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။ ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ...
movie

The Assassination of Jesse James by the Coward Robert Ford ( 2007 )

2007