Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael D. Cohen
Glisten and the Merry Mission (2023)
Glisten and the Merry Mission (2023) ============================ IMDb Rating - 6.5/10CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံလုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ "Merry Mission" ပါတဲ့။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ...
movie
Glisten and the Merry Mission (2023)
2023
8.5
Whiplash (2014)
Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ...
movie
Whiplash (2014)
2014
5.4
Suburbicon (2017)
ဆက်ပ်ပါဘေကွန်ဆိုတာကတော့ အလွန်ငြိမ်းချမ်းပြီးတော့၊မြို့ကြီးပြကြီးတွေလိုကားသံယာဉ်သံတွေနဲ့ရှုပ်ထွေးကြပ်ညှပ်နေခြင်းမရှိတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပဲဖစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ၁၉၄၀-၅ဝဝန်းကျင်တွေလောက်ကကြီးထွားခဲ့တဲ့ လူဖြူလူမည်းခွဲခြားရေးပြဿ နာပေါ်မူတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။အဆိုပါ ဆက်ပ်ပါဘေကွန်ဟာတော့ လူဖြူအများစုသာနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။တနေ့မှာတော့ လူမည်းမိသားစုဖြစ်တဲ့ မေယာတို့မိသားစုဟာအဆိုပါဒေသကိုပြောင်းရွေ့လာတဲ့အခါမှာတော့လူဖြူတွေကအပြင်းအထန်ကန့်ကွက်ကြပြီး လူမည်းမိသားစုကိုဆက်ပ်ပါဘေကွန်ကထွက်ခွာသွားအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ပါတော့တယ်။သို့ပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီလူမည်းမိသားစုဟာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ လောချ့်မိသားစုကအဓိကဇာတ်ဆောင်ဖြစ်နေပါတယ်။ မစ္စတာလော့ခ်ဟာအောက်ပိုင်းမသန်တော့တဲ့ သူ့ဇနီးဖြစ်သူရယ် သူ့ရဲ့တစ်ဦးတည်းသောသားကလေးရယ်၊ ခယ်မဖြစ်သူတို့နဲ့အတူနေပါတယ်။တစ်ညမှာ မစ္စတာလော့ချ်တို့မိသားစုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မသန်စွမ်းတဲ့ဇနီးသည်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။အဆိုပါ အကြမ်းဖက်မှုမှာ မစ္စတာလော့ချ်ကိုယ်တိုင်ပါဝင်ပက်နေတာဖြစ်ပါတယ်။ဘာကြောင့်မစ္စတာလော့်ချ်က ဒီလိုမျိုးလုပ်ရတယ်၊ အဲ့ဒီကနေပြဿ နာတွေကြီးထွားလာပြီးဘာဆက်ဖြစ်မယ်၊ ဘယ်လိုအလိမ်တွေပေါ်ကုန်မလဲ၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှု့လိုက်ပါ။ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းလေးဟာ ကြည့်ပြီးသွားရင် ဘာမှမရလိုက်တဲ့ပေါကားဇတ်လမ်းမျိုးမဟုတ်ပါဘူး။ကြည့်ပြီးတာနဲ့ တစိမ့်စိမ့်နဲ့စဉ်းစားစရာတွေချန်ထားခဲ့မယ်ဇာတ်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ လူတွေရဲ့အပြင်ပန်းအသွင်အပြင်နဲ့အသားအရောင်တွေကိုကြည့်ပြီးတော့ လူမျိုးရေးခွဲခြားနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းပြသသွားတာပါ။လူမည်းဖြစ်ပေမယ့်စိတ်ထားဖြူစင်တဲ့ မိသားစုကိုတော့လူတွေကပစ်ပယ်ကြပြီး၊ လူဖြူ ဖြစ်ပြီး စိတ်ဓာတ်ညစ်နွမ်းတဲ့မိသားစုကိုတော့ သနားနေကြတဲ့ပုံကိုပညာသားပါပါလေးတင်ပြသွားတာပါ။ကြည့်ပြီးရင်မိမိအတွက်တစ်ခုခုပြန်ရလိုက်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie
Suburbicon (2017)
2017