Channel Myanmar

Michael Dyson

Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie

Universal Soldier II: Brothers in Arms (1998)

Dick (1999) 6.2
Dick (1999) IMDb Rating (6.2) / Rotten Tomatoes (72%)ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara ...
movie

Dick (1999)

Cinderella Man(2005) 8.0
Cinderella Man(2005) Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie

Cinderella Man(2005)

Fatman 2020 6
Fatman 2020 ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကိုလက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်းခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက်အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီကခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲမီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီးSanta ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon ...
movie

Fatman 2020