Channel Myanmar

Michael Hough

A Not So Royal Christmas (2023) 6.1
A Not So Royal Christmas (2023)  လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ...။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie
movie

A Not So Royal Christmas (2023)

Grabbers (2012) 6.3
Grabbers (2012)  IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie

Grabbers (2012)

Boys from County Hell (2020) 6.0
Boys from County Hell (2020) Boys from County Hell (2020)======================IMDb Rating - 6.0/10ဒီဇာတ်လမ်းလေးက Dracula ဆိုတဲ့ဇာတ်လမ်းရဲ့ မူလအစဖြစ်တည်ရာလို့ပြောရမလားဘဲ။ဇာတ်အိမ်တည်ထားတာကတော့ ခြောက်မိုင်ကုန်းလို့ ခေါ်တဲ့ အိုင်ယာလန်က နေရာလေးတစ်ခုဒေသခံတွေပြောကြတာကတော့ Dracula ကိုဖန်တီးခဲ့တဲ့စာရေးဆရာက ဒီခြောက်မိုင်ကုန်းဆိုတဲ့နေရာလေးက ဒေသခံပုံပြင်ကို ကြားပြီး ဖန်တီးခဲ့တာတဲ့ . မူလပုံပြင်ကိုတော့ သိတဲ့သူခပ်ရှားရှားပဲ၊သူတို့ရဲ့ ဒေသခံပုံပြင်ထဲမှာတော့ အက်ဘာတက်ခ် ဆိုတဲ့သူဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့မူလအစပထမပေါ့။ခြောက်မိုင်ကုန်းမှာ အက်ဘာတက်ခ်ကို မြေမြှုပ်ထားတယ်ဆိုတဲ့ အထိမ်းအမှတ်ကျောက်ပုံလေးတစ်ခုရှိတယ်။မြို့ငယ်လေးအတွက်တော့ အဲ့ဒါဟာ ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး သူတို့ကလည်း အဲ့လိုပဲယုံကြည်ထားတယ်။ ဒီလိုနဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယူဂျင်းနဲ့ သူ့ရဲ့အဖေဖြစ်သူတို့ဟာ လမ်းဖောက်ဖို့ပရောဂျက်အတွက်နဲ့ အက်ဘာတက်ခ်ရဲ့ကျောက်ပုံကို နေရာရွှေ့ဖို့ဖြစ်လာတဲ့နောက်ပိုင်း ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဆိုသလို ဖြစ်လာခဲ့တယ်။ ဒါတွေကို ယူဂျင်းက ဘယ်လိုဖြေရှင်းသွားရမလဲဆိုတာ Comedy/Horror ပုံစံလေးနဲ့အိုင်းရစ်ဖုတ်ကောင် ဇာတ်လမ်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Thiha ...
movie

Boys from County Hell (2020)

2020