Channel Myanmar

Michael Maloney

The Young Victoria (2009) 7.2
The Young Victoria (2009) IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie

The Young Victoria (2009)

Notes on a Scandal (2006) 7.4
Notes on a Scandal (2006) Notes on a Scandal (2006)ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက...ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 3.2GB, 920MB, 456MB Quality  ...
movie

Notes on a Scandal (2006)

2006
Babel (2006) 7.4
Babel (2006) [Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie

Babel (2006)

Kisna (2005) 4.5
Kisna (2005) ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်..လူသားတွေ ပြောင်းလဲလာတယ်...မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ်လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်...ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်...ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ..၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က...။ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်...ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ်အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ်တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ...ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့....။ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲတစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ်အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ်အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ..ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်...   File size…3.1GB / 1.5GB Quality…1080p ...
movie

Kisna (2005)

2005
The Iron Lady (2011) 6.4
The Iron Lady (2011) The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations.     ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie

The Iron Lady (2011)

2011