Channel Myanmar

Michael Paré

The Red Tide Massacre (2022) 5
The Red Tide Massacre (2022)  ဒီရေနီဆိုတာကတော့ ပင်လယ်ကမ်းခြေတွေမှာ ရေကိုတောင်အရောင်ပြောင်းစေပြီး ရေနေသတ္တဝါတွေ၊ လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေလောက်တဲ့ ရေညှိတွေ အဆမတန်များပြားလာတဲ့ဖြစ်စဉ်ပါ။ ဒီကားကတော့ အဲဒီရေညှိတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ဖလော်ရီဒါမှာ ဒီရေညှိပြဿနာကိုကြုံတွေ့နေရတဲ့အပြင် အယ်လ်ဒေးဗစ်ဆိုတဲ့ အကျဉ်းသားလူသတ်သမားတစ်ယောက်ကလည်း လွတ်သွားပါသေးတယ်။ ကမ်းခြေတွေလည်းပိတ်ထားရပြီး အကုန်ခြောက်ကပ်နေတာပေါ့။ ရဲမှူးဖူလာတို့သားအဖရယ်၊ လော့စ်အိန်ဂျလိစ်ကနေ ဒီကိုပြောင်းလာတဲ့ သတင်းထောက်မလေးရီယိုလီရယ်၊ ရေညှိအကြောင်းသုတေသနလုပ်နေတဲ့ မင်းသားသူငယ်ချင်းတွေရယ်က သူတို့ရဲ့ဖလော်ရီဒါမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြတဲ့ဇာတ်လမ်းပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by June
movie

The Red Tide Massacre (2022)

Sentinel (2024)
Sentinel (2024)  ဒီဇာတ်လမ်းထဲမှာတော့ အနာဂတ်မှာ ဂြိုလ်သားတွေက ကမ္ဘာမြေကိုကျူးကျော်သိမ်းယူခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်သူတွေ တိုက်ပွဲကျသွားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက လကမ္ဘာဆီကိုထွက်ပြေးရင်း ပုန်းကွယ်နေထိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတော့ လပေါ်မှာရှိတဲ့လူသားတွေက တိုက်ခိုက်ရေးဟီးရိုးသုံးဦးကိုရွေးချယ်ပြီး ကမ္ဘာမြေဆီကိုပြန်စေလွှတ်ခဲ့တယ်။ အဲဒီ ဟီးရိုး၃ဦးရဲ့မစ်ရှင်ကတော့ အချိန်ခရီးသွားပြီး ဂြိုလ်သားတွေကိုနှိမ်နင်းပြီးနောက် ကမ္ဘာမြေကိုပြန်လည်သိမ်းယူဖို့ပါပဲ။လူသားတွေ ကမ္ဘာမြေပေါ်မှာ နဂိုအတိုင်းပြန်နေခွင့်ရနိုင်မလားနဲ့ မစ်ရှင်ကရော အစီအစဥ်အတိုင်းဖြစ်လာမလားဆိုတာကိုတော့.. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Sentinel (2024)

Camp Pleasant Lake (2024)
Camp Pleasant Lake (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Camp Pleasant Lake (2024)

Renegades (2022) 5.5
Renegades (2022)  ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Renegades (2022)

Planetquake (2024)
Planetquake (2024) 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ ...
movie

Planetquake (2024)

In The Shadows (2023)
In The Shadows (2023)  ဟာလန်ဟက်ချာဆိုတဲ့ ကလေးလေးက မိသားစုပြဿနာတွေအကြားကနေ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ဆယ်နှစ်သားကလေးလေး။တစ်နေ့မှာ အဖေနဲ့အမေ ရန်ဖြစ်နေတုန်းမှာ စိတ်ကိုမထိန်းနိုင်တော့ဘဲ အမေဖြစ်သူကို ဓားနဲ့၀င်ထိုးပြီးသတ်လိုက်တယ်။ တရားခွင်မှာ ဟာလန်ရဲ့အဖေဖြစ်သူက ဟာလန်ကို စိတ်ကျန်းမာရေးဆေးရုံပို့ပြီး တစ်သက်လုံး အချုပ်ကျခံစေဖို့အတွက် တောင်းဆိုခဲ့တယ်။ဒီလိုနဲ့ နောက်ထပ် ၃၅ နှစ်အကြာမှာ ဟာလန်ဟာ စိတ်ကျန်းမာရေးဆေးရုံကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၄၅နှစ်အရွယ် ဟာလန်ဟာ သူ့အပေါ်ရက်စက်ခဲ့တဲ့ ဟက်ချာတစ်မိသားစုလုံးကို လက်တုံ့ပြန်သတ်ဖြတ်ဖို့အတွက် ပြန်လည်ရောက်ရှိလာတဲ့နောက်မှာတော့ စိတ္တဇလူသတ်သမား ဟာလန်ရဲ့ကလဲ့စားကနေ ဟက်ချာမိသားစု လွတ်မြောက်နိုင်ပါ့မလား၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ဟာလန်တစ်ယောက် ဘယ်လိုအဖြစ်ဆိုးတွေကို ဟက်ချာမိသားစုဆီ သယ်ဆောင်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(655 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

In The Shadows (2023)

Wanted Man (2024)
Wanted Man (2024) 2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Wanted Man (2024)

Bone Tomahawk (2015) 7.1
Bone Tomahawk (2015)  ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie

Bone Tomahawk (2015)

End of Loyalty (2023)
End of Loyalty (2023)  ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

End of Loyalty (2023)

The Puppetman (2023) 5.3
The Puppetman (2023) The Puppetman (2023) =================Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ... သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.0 GB) / (407 MB) Quality............WEB-RIP 1080p ...
movie

The Puppetman (2023)

2023
Rampage (2009) 6.2
Rampage (2009) Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie

Rampage (2009)

2009
Space Wars: Quest for the Deepstar (2023)
Space Wars: Quest for the Deepstar (2023)  ၂၉၈၀ ခုနှစ်မှာသေခြင်းတရားဆိုတာက အဆုံးသတ်မဟုတ်တော့ပါဘူး။လူတစ်ယောက်ယောက်သေဆုံးသွားရင် အလောင်းဆီကနေအဆီအနှစ်လို့ခေါ်တဲ့ဝိဉာဉ်ကိုထုတ်ယူပြီး တော့စက်ရုပ်နဲ့လူနဲ့မျိုးစပ်ထားတဲ့ခန္ဓာကိုယ်တစ်ခုမှာအသက်ပြန်သွင်းပေးလို့ရပါတယ်။ ပြဿနာတစ်ခုရှိတာကအဲ့ဒီလိုလုပ်ဖို့ကအဆမတန်ကိုဈေးကြီးနေတာပါပဲ။ကစ်ပ်ဆိုတဲ့လူတစ်ယောက်ကဆုံးပါးသွားပေမဲ့ အဆီအနှစ်ထုတ်ယူထားတဲ့သူ့မိန်းမကိုပြန်ခေါ်နိုင်ဖို့အတွက်သမီးဖြစ်သူတေလာနဲ့ကြိုးစားနေတဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်အဆမတန်ဈေးကြီးတဲ့အတွက်သူတို့တွေကအဖိုးတန်ပစ္စည်းတွေကို ခိုးယူရောင်းစားပြီးတော့ အဲ့ဒီအတွက်ပိုက်ဆံစုဆောင်းနေရတာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူတို့ဆီကိုဒိစတားလို့ခေါ်တဲ့တန်ဖိုးကြီးယာဉ်ပျံပျက်ကြီး တစ်စီးကိုရှာဖွေဖို့အခွင့်အရေးကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ဒါပေမယ့်လဲတန်ဖိုးကြီးတဲ့အရာဆိုတော့ အဲ့ဒီနောက်ကိုလိုက်နေတာသူတို့တင်မကပဲတခြားတစ်ဖွဲ့လဲရှိနေပါသေးတယ်။ ဒီလိုနဲ့သူတို့သားအဖနှစ်ယောက် အခက်အခဲတွေကိုကျော်ဖြတ်ရင်းအဲ့ဒီဒိစတားဆိုတဲ့ယာဉ်ပျံကြီးကိုရှာတွေ့သွားကြမလား။ကစ်ပ်ရဲ့ဇနီးဖြစ်သူတေလာရဲ့အမေကိုရောပြန်ခေါ်နိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.39GB / 573MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Space Wars: Quest for the Deepstar (2023)

Alabama Rose (2022)
Alabama Rose (2022) IMDb – 4.5/10 ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.3 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Alabama Rose (2022)

Gone (2012) 5.9
Gone (2012) IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါ‌တော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်File size…(1.4 GB)/(710 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Gone (2012)

Gunfight at Rio Bravo (2023) 4.8
Gunfight at Rio Bravo (2023) Gunfight at Rio Bravo (2023) ====================ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan ...
movie

Gunfight at Rio Bravo (2023)

2023
Weaponized (2016) 3.9
Weaponized (2016) Weaponized (2016) ==============လက်နက်ကုမ္မဏီပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုင်လ်နောရစ်ဟာ အကြမ်းဖက်မှုတစ်ခုမှာသားဖြစ်သူကို ဆုံးရှုံးရပြီးနောက် အကြမ်းဖက်မှုတွေကိုနှိမ်နင်းဖို့ အလွန်အန္တရာယ်များတဲ့ လက်နက်တစ်ခုကိုတီထွင်ဖို့ကြိုးစားပါတယ်။သူ့လမ်းကိုပိတ်ပင်သူမှန်မျှကိုလည်းရှင်းပစ်ဖို့ကြိုးစားပါ တော့‌တယ်။ ထိုလက်နက်ရဲ့အန္တရာယ်များပုံ၊ကောင်းကျိုး ထက် ဆိုးကျိုးများပုံကို စုံထောက်ဝေါလ်ကာ ရိပ်စားမိသော အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Eunice ဖြစ်ပါတယ်)File Size..........(1.34 GB) / (573 MB) / (344 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi, Thriller Translator.......Eunice Encoder..........SWM
movie

Weaponized (2016)

2016
Nix (2022) 4.3
Nix (2022) Nix (2022) =========Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ...ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ....ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File ...
movie

Nix (2022)

2022
The Virgin Suicides(1999) 7.2
The Virgin Suicides(1999)  The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie

The Virgin Suicides(1999)

Captors (2022) 4
Captors (2022) Captors (2022)စိတ္တဇလူသတ်သမားကားတွေ ဟန်နီဘယ်ဆန်ဆန်ကားတွေ ကြိုက်ကြတယ်မလား။ ဒီရုပ်ရှင်ကတော့ ဒီလိုလူတွေအတွက် တကယ့်ရွှေပါပဲ။စိတ္တဇလူသတ်သမားကားဆိုတာ စိတ္တဇလူသတ်သမားအဖြစ် သရုပ်ဆောင်တဲ့မင်းသားကောင်းမှ ပိုပေါ်လွင်မှာမလား။ မိုက်တို့ အန်သိုနီတို့ ဘေးလ်တို့ ဟိလဂျာတို့လိုပေါ့။သရုပ်ဆောင်တဲ့ မင်းသားကလည်း ဒီရုပ်ရှင်မှာ သရုပ်ဆောင်သိပ်ကောင်းပါတယ်။ အန်သိုနီကြီး ဟန်နီဘယ်နေရာက အော်စကာရတာ ဟိလဂျာ ဂျိုကာနေရာက အော်စကာရတာဟာ သူ၀င်သရုပ်မဆောင်ခဲ့လို့ပါပဲ။မင်းသမီးကလည်း နာတာလီပေါ့မန်း၊ ဂဲလ်ဂဒေါ့ တစ်ခါတစ်ခါကျ အင်ဂျလီနာဂျိုလီ သူတို့သုံးယောက်ပေါင်းရုပ်မျိုးပေါ့။ အခန်းတိုင်း တစ်ယောက်မဟုတ် တစ်ယောက် မြင်ရပါလိမ့်မယ်။ကောင်မလေးတစ်ယောက်ရှိတယ်။ အရူးတစ်ကောင်က ချုပ်ထားတယ်။ လွတ်သွားတယ်။ သူမသိတဲ့ဦးလေးဆီက အမွေရတယ်ဆိုလို့ ဟိုတောခေါင်ခေါင် လူမရှိသူမရှိနေရာထိလိုက်သွားတယ်။ အိမ်ထဲရောက်မှ သူ့ကို ဟိုးအရင် အတိတ်တစ်ချိန်က ချုပ်ထားခဲ့တဲ့အိမ်မှန်းသိလိုက်ရတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲပေမဲ့ မင်းသမီးနဲ့အတူ စိတ္တဇလူသတ်ကောင်နဲ့အတူ လုံးထွေးသတ်ပုတ်ရင်း ဆက်လက် ခံစားကြည့်လိုက်ကြပါတော့...Size - 1.2GB, 663MB Quality - 1080p, 720p Format - mp4 Duration ...
movie

Captors (2022)

2022
Invincible (2020) 4.8
Invincible (2020) မြန်မာမင်းသမီးမေမြတ်နိုးနဲ့ အမေရိကန်မင်းသား Johnny Strong တို့ပါဝင်တဲ့ ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...ဇီဝကုထုံးအတွက် ဒဏ်ရာရစစ်သားတစ်ယောက်ကို နာနိုနည်းပညာနဲ့ လျှို့ဝှက်စမ်းသပ်နေကြရာကတစ်နေ့မှာ အစမ်းသပ်ခံစစ်သားက ထွက်ပြေးလွတ်မြောက်သွားပါတယ်...နာနိုနည်းပညာကြောင့် အန္တရာယ်ကြီးမားလှတဲ့ အစမ်းသပ်ခံစစ်သားကို ပြန်လည်ဖမ်းမိဖို့ဇာတ်လိုက်ကျော်ကိုယ်တိုင်လိုက်ဖမ်းကြတဲ့အခါ...။Action သီးသန့်ဆိုပေမယ့် ဇာတ်လိုက်ကျော်ရဲ့ကောင်မလေးကကိုယ်တို့ မင်းသမီးမေမြတ်နိုးလေးဖြစ်နေတာမို့ အားပေးကြပါဦး။ File size…(1.4 GB)/(800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nay Lin Thar
movie

Invincible (2020)