Channel Myanmar

Michael Pitt

(18+)The Dreamers(2003) 7.2
(18+)The Dreamers(2003) (18+)The Dreamers(2003) (Dark Side မှ တင်ဆက်သည်.....) (unicode) ဒီ movieလေးကတော့ IMDb 7.2/10 Rotten Tomatoes 60 Google user 85% ကြီးများတောင် ရထားတဲ့ Drama/Romance ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.ဒီကားလေးက ၁၉၆၀ ၀န်းကျင်က ပြင်သစ်မှာဖြစ်တဲ့ ရုပ်ရှင်နဲ့ပက်သက်တဲ့ အရေးခင်းအပေါ် အခြေခံထားတာပဲ ဖြစ်ပါတယ်.. .ဇာတ်လမ်းအကျဉ်းကတော့ မက်သရူးဆိုတဲ့ အမေရိကန်ကျောင်းသားလေးဟာ ပြင်သစ်မှာ ရုပ်ရှင်အကြောင်းလာရောက် လေ့လာရင်း ဝါသနာတူတွေဖြစ်တဲ့ ပြင်သစ် စာရေးဆရာရဲ့ သားသမီးတွေဖြစ်တဲ့ သီအိုနဲ့အစ်ဆာဘယ်လီဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ ခင်မင်သွားပါတယ်.အဲ့နောက်မှာတော့ မက်သရူးဟာ သူတို့ မောင်နှမ‌နှစ်ယောက်ကြားက ဆက်ဆံမှုတွေ, ရုပ်ရှင်‌အပေါ် ရုးသွပ်မှုတွေကို မြင်ပြီး သံယောဇဉ်တွယ်မိသွားပါတယ်. ထို့အပြင် မက်သရူးဟာ ညီမဖြစ်သူ အစ်ဆာဘယ်လီနဲ့ ချစ်ကြိုက်မိသွားတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်လာတယ်. သူတို့ သုံးဦးရဲ့ ရုပ်ရှင်နဲ့အနုပညာရှင်တွေ အပေါ် ရူးသွပ်မှုတွေ ပေါင်းစည်းသွားတဲ့ ...
7.2
IMDB: 7.2/10 104027 votes
movie

(18+)The Dreamers(2003)

Ghost in the Shell ( 2017 ) 6.4
Ghost in the Shell ( 2017 ) မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလို မင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းက လူအတော်များများ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာ လူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီး စက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။ လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီး စွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့ မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှ လူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံး မျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့ အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့ နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။ အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဥာဏ် နဲ့ အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ..... (ဘာသာပြန် သူကတော့ Myoko Yeman ပါ)
6.4
IMDB: 6.4/10 163,690 votes
movie

Ghost in the Shell ( 2017 )

2017
Finding Forrester(2000) 7.3
Finding Forrester(2000) Finding Forrester(2000) IMDb….7.3,,,Rotten….74 Finding Forrester(2000) ဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် Good Will Hunting (1997)ဇာတ်ကားကို သွားသတိရနေတယ်… တစ်ခုခုတော့ဆက်နွယ်နေရမယ်ဆိုပြီး စုံစမ်းကြည့်တော့…(၂)ကားလုံးရဲ့ ဒါရိုက်တာက Gus Van Sant ဖြစ်နေတယ်… ဆိုတော့ Good Will Hunting (1997) ကိုကြည့်ဖူးတယ်ဆိုရင်  ဒီကားက သဘောတရားတော့တူပေမယ့် ပေးချင်တဲ့ Message တွေတော့ အတော်များများကွဲပါတယ်…(၂)ကားလုံးက ခမ်းနားတဲ့အလှတရားတွေပိုင်ဆိုင်ထားကြပါတယ်.. လူမဲကောင်လေးတစ်ယောက်ရှိတယ်..သူ့နာမည်က ဂျမား…ဆင်းရဲတဲ့အပြင် အဖေနဲ့အမေကလည်းကွဲနေရှာတယ်…မအေနဲ့အကိုနဲ့အတူနေတယ်… ကျောင်းတက်တယ်..သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောဆော့တယ်…စာအုပ်တွေဖတ်သလို နုတ်စာအုပ်လေးတွေထဲမှာလည်း သူ့အမြင်လေးတွေချရေးလေ့ရှိတယ်… သို့ပေမယ့် ဒီလူမဲလေးဟာ သူမတူတဲ့ ဦးဏှောက်တော့ရှိတယ်…တစ်ခါလောက်ဖတ်ဖူးရုံနဲ့မှတ်မိသလို ဥာဏ်ကြီးရှင်တစ်ယောက်လို ဖြန့်ကျက်တွေးတောနိုင်စွမ်းလည်းရှိတယ်.. ဒီကောင်လေးက တစ်ဦးတည်းအထီးကျန်လျှို့ ဝှက်စွာနေထိုင်နေတဲ့ အဖိုးကြီး ဝီလီယမ် ဖော်ရက်စတာနဲ့ ခင်မင်မိတယ်…တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရည်အချင်းကြောင့်  ပုဂ္ဂလိကကျောင်းက ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေစတင်ကြုံတွေ့ပါတော့တယ်.. ကိုင်း စပွိုင်လာ မလုပ်သင့်ဆုံးဇတ်ကားစာရင်းထဲမှာပါလို့ ဒီလောက်ပဲတော်ပါရစေနော်.. ဒီကားကို  ကျွန်တော်တို့ ဂျိန်းစ်ဘွန်းမင်းသားကြီး  Sean Connery  နဲ့ Rob Brown က အဓိက သရုပ်ဆောင်ထားပါတယ်.. ဆုပေါင်း(၅)ဆုလည်း ရရှိခဲ့သလို အခြားဆု(၁၃)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တယ်… ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်… File Size : (1.15GB) and (425 ...
7.3
IMDB: 7.3/10 78,069 votes
movie

Finding Forrester(2000)

2000
Detective Chinatown 2(2018) 6.2
Detective Chinatown 2(2018) Detective Chinatown 2(2018) ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်... Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့... အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။ တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ Crimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့် အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ.... တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘ၀မှာ ဒီလိုဟိုလို ဥာဏ်သုံးဖြေရှင်းပြီး ...
6.2
IMDB: 6.2/10 916 votes
movie

Detective Chinatown 2(2018)

2018
Hugo (2011) 7.5
Hugo (2011) ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ သူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ် သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါ သူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူး ဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့ မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ   File Size : (800 MB) and (450 MB) Quality : 720p Blu – Ray Running Time : 2hr 6min Format ...
7.5
IMDB: 7.5/10 264,191 votes
movie

Hugo (2011)

2011