Channel Myanmar

Michael Richard

Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) ၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်ကကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Transformers: The Last Knight (2017)

2017
4K HEVCHDR
Amelia(2009) 7.0
Amelia(2009) Amelia(2009)************Amelia Earhartဆိုသူဟာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့တစ်ဦးတည်း ဖြတ်ပျံသန်းပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးပါပဲ။ အခြားစံချိန်တင် ပျံသန်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့ စွန့်စားမှုတွေအကြောင်းစာအုပ်ထုတ်ဝေရေးသားခဲ့ပြီး 1935 ဝန်းကျင်မှာတော့ အမေရိကမှာနာမည်အကြီးဆုံး အမျိုးသမီးပါပဲ။ ၁၉၃၇ခုနှစ်မှာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပျံရင်း စံချိန်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ကံအကြောင်းမလှဘဲ ဒီပျံသန်းမှုလုပ်ဆောင်နေစဥ်အတွင်းမှာပဲ Ameliaနဲ့ သူ့ရဲ့လမ်းကြောင်းပြဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ပျံသန်းမှုခရီးစဥ်တွေအကြောင်း၊ အမျိုးသမီးလေယာဥ်မှူးတစ်ယောက်ရဲ စွန့်စားမှုတွေ၊ ဘာကြောင့်ပျောက်ဆုံးသွားရတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ Biography ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်File Size : (1.8GB) and (769MB) Quality :BLU-RAY1080P, 720p Format…mp4 Duration…01:25:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Amelia(2009)

Do Your Worst(2023) 6.7
Do Your Worst(2023) Do Your Worst(2023)*******************ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေးကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော်လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီးမိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျားဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာတည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။ အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါးရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေတစ်လှေကြီးနဲ့ပါ။ ...
movie

Do Your Worst(2023)