Channel Myanmar

Michael Yurchak

Club Dread (2004) 5.7
Club Dread (2004)  ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ"သုခဘုံကျွန်း"ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် "Pete Coconut" က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲတစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ်ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါလိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

Club Dread (2004)

Watching the Detectives (2007) 6.2
Watching the Detectives (2007) Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip ...
movie

Watching the Detectives (2007)

Quasi(2023) 6.7
Quasi(2023) Quasi(2023)***********ပြင်သစ်စာရေးဆရာ Victor Hugoရဲ့ ၁၈၃၁ခုနှစ်ထွက် ပြင်သစ်စာပေသမိုင်းမှာ နာမည်အကြော်ကြားဆုံးဖြစ်ခဲ့တဲ့The Hunchback of Notre-Dame(နိုထရာဒမ်မှ ခါးကုန်းကြီး)ဆိုတဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ကားလေးပါပဲ။ မူရင်းဝတ္ထုမှာဆိုရင် ရုပ်ပျက်ဆင်းပျက် ခါးကုန်းကြီးတစ်ယောက်ရဲ့ စင်ကြယ်သောမေတ္တာသက်သက်နဲ့အနစ်နာခံခြင်း၊ စွန့်စားခြင်းတွေကို ပေါ်လွင်အောင်ရေးသားထားတာမို့ ခေတ်အဆက်ဆက်မှာ ဒီဝတ္ထုကိုပဲ ရုပ်ရှင်အဖြစ်၊ ကာတွန်းကားအဖြစ်ရိုက်ကူးခဲ့တာ မနည်းပါဘူး။ ဒီဇာတ်ကားကတော့ အဲ့ဝတ္ထုကို မှီငြမ်းထားပေမယ့် အဲ့ကခါးကုန်းကြီးအကြောင်းမဟုတ်ပါဘူး။ ခါးကုန်ကြီး ကွာစီမိုဒိုရဲ့သနားစရာဘဝကို ပြက်လုံးတွေနဲ့ ဟာသဆန်ဆန်ပြန်လည်ရိုက်ကူးထားတဲ့ သရော်ရုပ်ရှင်တစ်မျိုးပါ။ သို့ပေမဲ့လည်း plotအမျိုးမျိုး ဇာတ်ကွက်အမျိုးမျိုးက ဟာသတွေကြားမရိုးရအောင်ဆွဲဆောင်သွားနိုင်တာတော့ ဝန်ခံရမယ်ဗျ။ ဇာတ်လမ်းအကြောင်းကို အကျဥ်းချုပ်ပြောရရင် ခါးကုန်းကြီး ကွာစီမိုဒိုတစ်ယောက်အဲ့ခေတ်ကာလက အာဏာအရှိဆုံးလူနှစ်ယောက်ဖြစ်တဲ့ ဘုရင်နဲ့ ပုပ်ရဟန်းကြီးအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ဘဝအကြောင်းပါ။ နဂိုကတကည်းက ကျောကုန်းမှာဘုကြီးနဲ့ ရုပ်ပျက်ဆင်းပျက် လူရာမဝင်ဖြစ်နေပြီးသားကိုမှဘယ်လိုကံဆိုးမိုးမှောင်ကျဦးမလဲဆိုတာကို ရယ်မောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။File Size :(2.09GB) and (798MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:40:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Quasi(2023)

The Christmas Chronicles: Part Two (2020) 6.4
The Christmas Chronicles: Part Two (2020) CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Netflix က လောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ် theme ဇာတ်ကားလေးဖြစ်ပါတယ် 2018 တုန်းကထွက်ရှိခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပါ ( 2018 ဇာတ်လမ်းလေးကိုလည်း CMမှာပြန်ရှာကြည့်လို့ရတယ်နော် ) အေးစပြုလာတဲ့ဆောင်းတွင်းလေးနဲ့လိုက်ဖက်မယ့် ဇာတ်ကားလေးပါပဲ ဒီဇာတ်ကားလေးထဲမှာဆိုရင် ကိတ်နဲ့ တက်ဒီတို့က သူတို့အမေရယ် သူတို့အမေရဲ့ချစ်သူဘော့ဘ်ရယ်နဲ့အတူ ခရစ္စမတ်အပန်းဖြေခရီးထွက်လာတာပေါ့... ခရစ္စမတ်အချိန်မှာ ပူနွေးတဲ့မက်ဆီကိုကမ်းခြေကို ခရီးထွက်လာရတဲ့အတွက်ကော ဘော့ဘ်ကိုပါ အမြင်မကြည်တာကြောင့်ကော True Believer လေး ကိတ်က စန်တာကလော့ခ်ဆီမှာ သူ့ကိုဒီနေရာကခေါ်ထုတ်ပေးဖို့ဆုတောင်းပါတော့တယ်... တခြားတစ်ဖက်မှာတော့ စန်တာကိုအရမ်းမုန်းတီးနေတဲ့ ဘယ်စနခ်ကယ်ဆိုတဲ့သူရှိပါတယ် သူက စန်တာနဲ့အတူစွန့်စားခန်းတွေဝင်ခဲ့တဲ့ ကိတ်ကို ပြန်ပေးဆွဲပြီး စန်တာကို ဒုက္ခပေးဖို့ ကြံစည်နေတာပေါ့... ကိတ်ရဲ့ဆုတောင်းကို စန်တာက တကယ်ကြားသွားမလား ဘယ်စနခ်ကယ်ရဲ့အကြံအစည်တွေပဲ အောင်မြင်သွားမလား ဘယ်စနခ်ကယ်ကရော ဘယ်လိုအတိတ်ဆိုးတွေကြောင့် စန်တာကိုမုန်းနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ရှုစားလိုက်ကြပါဦးနော်  File Size : ( 1 GB , 326 MB ) Quality : WEBRip 720p Running Time : 1hr 52min Format : ...
movie

The Christmas Chronicles: Part Two (2020)

The Christmas Chronicles (2018) 7.6
The Christmas Chronicles (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီးRating 7.6 ရရှိထားကာကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု...ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ်ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်..သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်...ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်...ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကိုကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ..တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်...ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်...တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်...ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ...သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်...သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်...ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး...စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ...စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ ...
movie

The Christmas Chronicles (2018)

2018
Mom and Dad (2018) 6.4
Mom and Dad (2018) ၂၀၁၈ခုနှစ်ဇန်န၀ါရီကမှတရားဝင်ထုတ်လုပ်လိုက်တဲ့ မင်းသားကြီးနီကိုလတ်စ်ကေ့ခ်ျရဲ့ ကားသစ်လေးပါ။ဒီဇာတ်ကားလေးဟာ တမူထူးခြားတဲ့အရသာလေးကိုပေးမှာပါ။ဘာလို့လဲဆိုတော့ Horror-Comedy ဇာတ်ကားလေးဖြစ်နေလို့ပါပဲ။ပိုစိတ်ဝင်စားကောင်းသွားပါပြီ။ဇာတ်ကားနာမည်က အမေနဲ့အဖေဆိုတော့ မိဘမေတ္တာဘာညာဆိုပြီးထင်ကောင်းထင်နိုင်ပါတယ်။ဒီကားလေးမှာတော့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုက မိသားစုလေးတစ်စုကိုအခြေပြုဇာတ်အိမ်တည်ထားပါတယ်။ဖခင်ဖြစ်သူဟာ တနေကုန်ကုန်းရုန်းအလုပ်လုပ် မိသားစုကိုထောက်ပံ့ ကလေးတွေကြောင့်စိတ်ပင်ပန်းနေရပြီး မိခင်ဖြစ်သူကလည်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့ အလုပ်ကနေထွက်ထားရတယ်။သားသမီးရယ်လို့ တနေကုန်ဖုန်းပွတ် မိဘတွေနဲ့ကွိုင်တတ်တဲ့ မြီးကောက်ပေါက်သမီးတစ်ယောက်၊ လုပ်ချင်ရာလုပ်စိတ်ထင်သလိုသောင်းကျန်းတဲ့ သားအငယ်ကောင်ဆိုပြီးနှစ်ယောက်မွေးထားကြတာပါ။တစ်နေ့တစ်နေ့ မိဘနှစ်ပါးမှာ ဒီသားသမီးနှစ်ယောက်ကိုပြောရဆိုရ ထိန်းသိမ်းရနဲ့အတော် စိတ်အိုက်ကြမှာပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ ၂၄နာရီစာမိဘတွေပြန်သောင်းကျန်းခွင့်ရသွားစေတဲ့ဖြစ်ရပ်ဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ကျောင်းကြိုဖို့ မိဘတွေကျောင်းပြင်မှာစောင့်နေကြစဉ် ခေါင်းလောင်းအထိုးမှာပဲ မိဘတွေအားလုံးကိုယ့်သားသမီးကိုယ်ပြန်ရန်မူချင်စိတ်ပေါက်ပြီး Zombie သဖွယ်ဖြစ်ကုန်ကြပါတယ်။တခြားဘယ်သူ့ကိုမှရန်မပြုဘဲ ကိုယ့်သားသမီးကိုပြန်လိုက်ရန်ရှာကြတော့တဲ့အခါ တစ်ကျောင်းလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ပြီး အဲဒီမောင်နှမနှစ်ယောက်လည်းကြောက်ကြောက်နဲ့ အိမ်ပြန်ပြေးလာတဲ့အခါမှာတော့ အိမ်မှာမိန့်မိန့်ကြီးထိုင်စောင့်နေတဲ့မိဘနှစ်ပါးနဲ့တည့်တိုးကြကုန်တာပါပဲ။၂၄နာရီတိတိ အဲဒီမောင်နှမနှစ်ယောက်နဲ့ Nicolas Cage တို့လင်မယားနှစ်ယောက် လိုက်တမ်းပြေးတမ်းတစ်အိမ်လုံးပြောင်းဆန်အောင် သောင်းကျန်းကြတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမှာဖြစ်ပြီး ကြားထဲမှာလည်းဟာသဖောက်တတ်သေးတော့ အရသာနှစ်မျိုးခံစားရမှာပါ။ဒါ့အပြင်ဒီဇာတ်ကားမှာ ...
movie

Mom and Dad (2018)

2018