Channel Myanmar

Michèle Paleta Rhyner

The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC