Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michelle Haffey
5.2
Abducted on Prom Night (2023)
=======================အနောက်နိုင်ငံတွေမှာတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်း ကပွဲညဆိုတာ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါ။ တစ်သက်မမေ့ နိုင်စရာ ပျော်ရွှင်မှုတွေနဲ့ ညလေးတစ်ညဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဲဒီညက ကင်ဘာတို့ ဆယ်ကျော်သက်သူငယ်ချင်းလေး ယောက်အတွက်တော့ ထိတ်လန့်ဖွယ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ညတစ် ည ဖြစ်လို့လာခဲ့ပါတယ်။ကင်ဘာက ကျောင်းကပွဲညမတိုင်ခင် လပိုင်းအလိုမှာ ပြန်ပေးဆွဲခံရ ပြီး ကံသီလို့ လွတ်မြောက်လာခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအတွက်ကြောင့် မိခင်ဖြစ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုကို ခံနေရပြီး နေအိမ်အ ကျယ်ချုပ်သဘောမျိုးနဲ့ နေလာခဲ့ရပါတယ်။ ကျောင်းကပွဲနေ့ရောက်တဲ့ အချိန်မှာတော့ ကင်ဘာ့ရဲ့ချစ်သူ အော်စတင်ရဲ့ စည်းရုံးရေးကောင်းမှု ကြောင့် ကင်ဘာတစ်ယောက် ကပွဲကို သွားခွင့်ရခဲ့ပါတယ်။ကင်ဘာနဲ့အတူ အော်စတင်၊ ဂျိုအန်၊ အဲဗာလီ၊ လုခ် တို့ သူငယ်ချင်း လေးယောက် ဇိမ်ခံကားကြီးနဲ့ ကျောင်းကပွဲညကို သွားကြတဲ့အချိန်မှာ တစ်ကျော့ပြန် ပြန်ပေးဆွဲမှုကြီး ပေါ်လာခဲ့ပြီး သူတို့ရဲ့ အမှတ်တရည လေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ ကြည့် ရှု့ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.46 GB) / (492 MB) Quality............WEB-RIP ...
movie
Abducted on Prom Night (2023)
6.0
Bad Behind Bars: Jodi Arias(2023)
မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ...
movie
Bad Behind Bars: Jodi Arias(2023)