Channel Myanmar

Mickey Ferriols

Will You Be My Ex? (2023) 6
Will You Be My Ex? (2023) Will you be my Ex? (2023)ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ...
movie

Will You Be My Ex? (2023)

2023
[18+] Hugot (2023) 6.6
[18+] Hugot (2023) Hugot (2023)ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 855MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration ...
movie

[18+] Hugot (2023)

2023
[18+] Kara Krus (2022)
[18+] Kara Krus (2022) Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာ‌တော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie

[18+] Kara Krus (2022)

2022
Selina’s Gold (2022)
Selina’s Gold (2022) (18+) Selina's Gold (2022)CM ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်က မင်းသမီးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးက တော်တော်လေးကို ဇာတ်အိမ်နာအောင်တည်ထားတာပါ။ အင်ဒိုချိုင်းနားကျွန်းဆွယ် အမေရိကန်နှင့် ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ကာလမှာ အခြေတည်ထားပြီး အရာရာဟာ ပျက်စီးနေတဲ့ကာလမှာ ဘဝတွေဟာဘယ်လောက် ပျက်စီးနေပြီလဲဆိုတာ အချိန်ကာလလေးနဲ့ လိုက်ပြီးဇာတ်လမ်းဆင်ထားတာလေးကတော်တော်လေး သဘောကျစရာပါ။စစ်ပွဲကာလ လူတွေဟာ ဘဝတွေပျက်တယ် ကိုယ်ကျင့်တရားတွေပျက်ကြတယ် သိက္ခာတရား ဆိုတာ ဗိုက်ဆာနေချိန်မှာ မြောင်းထဲရောက်ကုန်ကြတယ် ဒီလိုအဘက်ဘက်ကပျက်စီးယိုယွင်းနေတဲ့ ခေတ်ပျက်ကြီးမှာ ဆယ်လီနာဆိုတဲ့ ကလေးမတစ်ယောက် အသက် ၁၇ နှစ်ပြည့်ပြီး လှလှပပလေး ဖူးပွင့်လာခဲ့တယ်။ သို့ပေမဲ့ ကံတရားရဲ့ ရက်စက်မှုတွေက ဒီလိုနုနုနယ်နယ် ကလေးမကို အရက်သမား ဖခင်ကြီးဆီမှာနေစေခဲ့တယ်။ နောက်ဆုံးတော့ ဖခင်ကြီးက သူ့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရွာကငွေတိုးချေးစားတဲ့ သူဆီမှာ ဆယ်လီနာလေးကို ရောင်းစားခဲ့တယ်။ တီအာဂိုဆိုတဲ့ ငွေတိုချေးတဲ့သူဟာလဲ သူ့ရဲ့ယုံကြည်ချက်တွေမှာ သူ့ရဲ့အာဏာရှင်စိတ်ဓာတ် ဩဇာပေးချင်တဲ့စိတ်တွေကို ဆယ်လီနာလေးအပေါ်ပုံချခဲ့ရာ ငယ်ငယ်ရွယ်ရွယ်ကလေးမတစ်ယောက် လောကကြီးကို ဘယ်လိုရင်ဆိုင်ပြမလဲ မိန်းမတို့ရဲ့ မာယာကိုဘယ်လိုထုတ်ပြမလဲ ဆိုတာကို လှည့်ကွက်မျိုးစုံနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။*** ကုတင်ပေါ်ကအခန်းများ စကားလုံးကြမ်းကြမ်းများ ...
movie

Selina’s Gold (2022)

2022
Adarna Gang (2022) 5.1
Adarna Gang (2022) Adarna Gang (2022)ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကိုအမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK
movie

Adarna Gang (2022)

2022
(18+)Mahjong Nights (2021) 8.3
(18+)Mahjong Nights (2021) Mahjong Night (2021)Evaဆိုတဲ့ ရုပ်ရှင်ကားနဲ့ dsဖန်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့မင်းသမီးလေးရဲ့ ဇာတ်လမ်းသစ်ပေါ့ဗျာ....ဇာတ်လမ်းအကျဉ်းကတော့အယ်လီဇာက မိခင်ဖြစ်သူရယ် ပထွေးရယ်နဲ့အတူနေရတဲ့ ဟင်းချက်ဝါသနာရှင် အလှလေးပေါ့...ထုံးစံအတိုင်း ပထွေးက အယ်လီဇာရဲ့အလှတရားကိုခံစားမိချိန်မှာ ငယ်ငယ်တည်းက ကျွေးမွေးထားရတဲ့ကျေးဇူးရှိပါတယ်ဆိုပြီး သူ့ပိုင်ပစ္စည်းလုပ်ချင်နေတာပေါ့...ဒီလိုနဲ့ တနေ့မှာတော့ အယ်လီဇာရဲ့မိခင်ကကိုဗစ်ကာလမှာ ကွဲကွာခဲ့တဲ့ အပေါင်းအသင်းတွေနဲ့မာကျောက်ကစားဖို့ သူတို့အိမ်မှာ စုံကြရင်း...မထင်မှတ်ထားနဲ့ ဇာတ်ကွတ်တချို့နဲ့အယ်လီဇာရဲ့အလှတရားကြောင့် ဒီကားဟာdsဖန်တွေအတွက် ပြီးပြည့်စုံမယ့်ကားတခုလို့ထင်မှတ်ပြီး တင်ဆက်ပေးလိုက်ပါတယ်  File size…1.3Gb / 700Mb Quality…1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by  X Cross
movie

(18+)Mahjong Nights (2021)

2021
Dulo (2021) 5
Dulo (2021) Dulo(2021)ဒီတစ်ခေါက်တင်ဆက်‌ပေးလိုက်တာကတော့အချစ်ကားတစ်ကားဖြစ်တဲ့Duloပဲဖြစ်ပါတယ် Tinder appကိုသုံးရင်း ပါတီပွဲတစ်ခုမှာမထင်မှတ်ဘဲတွေ့ဆုံခဲ့ရာက ချစ်ခဲ့ကြတဲ့ ဘီနီကာနဲ့ ဒက်တိုအချစ်ရေးက ခုနှစ်လအကြာမှာတော့အပြောင်းအလဲတွေ့ခဲ့ပါတော့တယ် ဘွဲယူဖိုအတွက် အမေရိကားကိုပညာသင်သွားရတော့မယ့်ဘီနီကို ဒက်ကလက်မလွှတ်ချင်ခဲ့ပါဘူး နှစ်နှစ်တာကြာမြင့်မယ့်ဒီခရီးက သူတိုရဲ့အချစ်ရေးကိုပိုခိုင်မြဲစေမှာလား ဒါမှမဟုတ်ဒါကသူတိုနှစ်ယောက်ရဲ့အဆုံးသတ်ပဲလား အမြဲအသစ်အဆန်းကိုစူးစမ်းရှာဖွေစွန့်စားချင်ပြီး ခရီးပတ်ထွက်ရတာကိုပျော်တဲ့ ဘီနီကာနဲ့ တစ်နေရာတည်းမှာပဲအခြေချနေထိုင်ချင်တဲ့ ဒက်စတာတိုနှစ်ယောက်ရဲ့ relationshipကအဆင်ပြေပြေလက်တွဲသွားနိုင်မလားဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်အချစ်ကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုဖိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunniနဲ့ Poeပဲဖြစ်ပါတယ်  File size…1.2GB / 662MB Quality…1080p WEB DL / 720p Format…Mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK & Thit San Khant Translated by Yunni & Poe
movie

Dulo (2021)

2021