Channel Myanmar

Midori Kiuchi

Last Letter (2020) 7.0
Last Letter (2020) Last Letter (2020)================IMDb Rating - 7.0/10#Unicodeဟိုးတုန်းက လူတွေက တစ်ယောက်ကိုတစ်ယောက် စာ‌တွေနဲ့ဆက်သွယ်ခဲ့ကြတယ်။ ဒီစာ‌လေးတွေမှာ ကျွန်တော်တို့ မက်ဆေ့တွေလို တမျှော်တခေါ် ပြန်လှန်ရှာနေရတဲ့ ဆိုးကျိုးမရှိဘူး။ ကိုယ့်ရင်ထဲ ထိရတဲ့ စာကြောင်းကလေးတွေကို အချိန်မရွေး ပြန်ဖတ်နိုင်ဖို့ အခွင့်အရေးပေးထားတယ်။ လေထဲကွယ်ပျောက်မသွားဘဲ အမှတ်တရအဖြစ် ထင်ကျန်နေမယ့် အရာကလေးတွေ‌ပေါ့။ ဒီဘက်ခေတ်ကြီးမှာ ရည်းစားစာပေးတဲ့ ဓလေ့က မထွန်းကားတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တော့ ကောင်မလေးတစ်ယောက်ကို နှစ်နှစ်ကျော်ကြာ တစ်ပတ်တစ်ခါတစ်မျိူး တစ်လတစ်ခါတစ်ဖုံ ပေးဖြစ်နေတုန်းပဲ။ တစ်ချို့တွေလည်း ပေးဖြစ်ကြမယ်ထင်ပါတယ်။ဒီရုပ်ရှင်ကလေးကလည်း စမတ်ဖုန်းတွေ ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ စာတွေပေးဖြစ်နေကြတဲ့ လူတွေအကြောင်းပါပဲ။ သူတို့နှလုံးသားတွေကို စာအိတ်ထဲထည့်ပို့နေကြတဲ့ လူတွေပေါ့။ သူ့ဇာတ်အိမ်ထက်ကို ဇာတ်ကွက်ကလေးတွေက သိပ်ပြီးလှတယ်။ ငြိမ့်ငြိမ့်လေး အေးဆေးတဲ့ ရိုမန့်တစ်ဆန်မှုကလေးကိုရတယ်။ တစ်ကားလုံးစာလေးတွေပဲ အဓိကထားပြီးရိုက်ထားတယ် Ratingကောင်းပြီး ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားကြည့်မယ်ဆိုရင်တော့ ဇာတ်ကားအပြီးမှာ မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရည်းစာစာတစ်စောင် ကောက်ရေးပြီး ချစ်တဲ့သူကို ပေးမိသွားနိုင်တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) #Zawgyiဟိုးတုန္းက လူေတြက တစ္ေယာက္ကိုတစ္ေယာက္ စာ‌ေတြနဲ႔ဆက္သြယ္ခဲ့ၾကတယ္။ ဒီစာ‌ေလးေတြမွာ ကြၽန္ေတာ္တို႔ မက္ေဆ့ေတြလို တေမွ်ာ္တေခၚ ျပန္လွန္ရွာေနရတဲ့ ဆိုးက်ိဳးမရွိဘူး။ ကိုယ့္ရင္ထဲ ထိရတဲ့ စာေၾကာင္းကေလးေတြကို အခ်ိန္မေ႐ြး ျပန္ဖတ္ႏိုင္ဖို႔ အခြင့္အေရးေပးထားတယ္။ ေလထဲကြယ္ေပ်ာက္မသြားဘဲ အမွတ္တရအျဖစ္ ထင္က်န္ေနမယ့္ အရာကေလးေတြ‌ေပါ့။ ဒီဘက္ေခတ္ႀကီးမွာ ရည္းစားစာေပးတဲ့ ဓေလ့က မထြန္းကားေတာ့ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ေတာ့ ေကာင္မေလးတစ္ေယာက္ကို ႏွစ္ႏွစ္ေက်ာ္ၾကာ တစ္ပတ္တစ္ခါတစ္မ်ိဴး ...
movie

Last Letter (2020)

2020