Channel Myanmar

Mikael Birkkjær

Fathers and Mothers (2022)
Fathers and Mothers (2022)  ဒီရုပ်ရှင်ကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင်ဖြစ်ပြီး လူတွေရဲ့ သဘောသဘာဝတွေ ဟန်ဆောင်မှုတွေနဲ့အတူ ကျောင်းသားမိဘတွေကြားထဲက အဖွဲ့အစည်းတွေမှာ မိဘဖြစ်သူတွေ ရုန်းကန်ကြရပုံကို တင်ဆက်ထားပါတယ်။မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့သားသမီးအတွက် သက်ဆိုင်ရာအသိုင်းအဝိုင်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရုန်းကန်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒီရုပ်ရှင်ထဲမှာဆိုလည်း ဇနီးမောင်နှံနှစ်ဦးဟာ သမီးဖြစ်သူအတွက် နယ်မြေအသစ်တစ်ခုက ကျောင်းသစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေဟာ အဲဒီကျောင်းရဲ့ နာမည်ကြီး တောတွင်းစခန်းချမီးပုံပွဲကိုသွားရင်း အဲဒီမှာရှိတဲ့ ကျောင်းသားမိဘတွေကြားမှာ ဝင်ဆန့်ဖို့ ကြိုးစားကြရပါတယ်။မတူညီတဲ့ စရိုက်တွေကြားထဲကို ရောဝင်ဖို့ကြိုးစားရင်း အပေါ်ယံသကာလောင်းမှုတွေ၊ အားနည်းသူကို နှိမ်ကြတာတွေ၊ ကိုယ်စွမ်းကိုယ်စပြချင်တာတွေကို ကြုံတွေ့သည်းခံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ တင်ဆက်ပြထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Fathers and Mothers (2022)

Into the Darkness (2020) 6.4
Into the Darkness (2020)  Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိကအသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကိုနာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရောသူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီးကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ....  File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle ...
movie

Into the Darkness (2020)

Loving Adults (2022) 6.4
Loving Adults (2022) Loving Adults (2022) =============== IMDb Rating - 6.4/10ဇာတ်လမ်းအစ မိုးသည်းနေတဲ့ ညတစ်ညမှာ ခရစ်စတန်ဆိုတဲ့ အမျိုးသားက သူ့မိန်းမ လီယိုနိုရာ အပြေးလေ့ကျင့်ပြီးအလာကို စောင့်မျှော်နေပါတယ်။ခရစ်စတန်ဆိုတဲ့ အမျိုးသားက ဗိသုကာပညာရှင်ဖြစ်ပြီးသူရဲ့ အမျိုးသမီး လီယိုနိုရာက အရမ်းတော်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သူတို့နှစ်ယောက်ရဲ့ သားလေး ဂျိုဟန် အရမ်းနေမကောင်းဖြစ်တော့ လီယိုနိုရာက သူ့ရဲ့ career ဘဝကို စွန့်လွှတ်ပြီး တစ်သက်လုံး သူ့သား ကိုပဲ အမြဲတန်းစောင့်ရှောက်လာခဲ့တာပါ။တစ်ရက် ခရစ်စတန်က အလုပ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတာကို လီယိုနိုရာသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ အမြဲတမ်း ဘဝရဲ့ပျော်ရွှင်မှုအစစ်မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို  အများ ကြီး ရင်ဆိုင်ကျော်ဖြတ်လာပြီးမှ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ် ပေါ်လာတဲ့အချိန် သူတို့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်မြဲအောင် တည်ဆောက်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.49 GB) / (688 MB) / (406 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr ...
movie

Loving Adults (2022)

2022