Channel Myanmar

Mikaël Halimi

The Girl with a Bracelet (2019) 6.6
The Girl with a Bracelet (2019)  ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူးအဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား........သတ်ရတဲ့အကြောင်းရင်းကရော...... ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား......ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ File size…(1.45 GB)/(738 Mb) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Girl with a Bracelet (2019)

Arthur, Malédiction (2022)
Arthur, Malédiction (2022) Arthur, Malédiction (2022)ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ ...
movie

Arthur, Malédiction (2022)

2022