Channel Myanmar

Mike Ferguson

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020 6.6
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020

4K HEVC
Camp Pleasant Lake (2024)
Camp Pleasant Lake (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Camp Pleasant Lake (2024)

The Black Mass (2023)
The Black Mass (2023) သီအိုဒေါရောဘတ်ဘန်ဒီ(ခေါ်)တဒ်ဘန်ဒီရဲ့ ​ဗားရှင်းအမျိုးမျိုးနဲ့ဇာတ်လမ်းတွေထဲက တစ်ခုပေါ့။တဒ်ဘန်ဒီနေရာကနေ အမေရိကန်သရုပ်ဆောင် မင်းသားချော ဇက်အက်ဖရွန် သရုပ်ဆောင်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile (2019)လည်း နာမည်ကြီးခဲ့ဖူးတယ်။တဒ်ဘန်ဒီဆိုတာ ၁၉၇၀ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲ၊မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်ကောင်တွေထဲက တစ်ယောက်ပေါ့။ သူ သတ်ပြီးသား သားကောင်တွေကို ပုတ်သိုးစပြုနေတာတောင် အလှတွေပြင်ပေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုကြတယ်။သူလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ကြာငြင်းဆိုခဲ့ပြီးနောက်မှာ ၁၉၇၄နဲ့ ၁၉၇၈အကြား ပြည်နယ် ၇ခုမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ၃၀ကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပြစ်မှုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်အကျဉ်းထောင်မှာ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ပေးခဲ့ပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒီရုပ်ရှင်မှာတော့ တဒ်ဘန်ဒီရဲ့ မိန်းကလေးဆောင်တစ်ခုထဲမှာ ထင်တိုင်းကြဲခဲတဲ့အမှုတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1GB)/(565 Mb) Quality….Blu-Ray 1080p / ...
movie

The Black Mass (2023)

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Showdown at the Grand (2023) 5.4
Showdown at the Grand (2023) Showdown at the Grand (2023)~ Rotten Tomatoes - 100% ~ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်...အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ... Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ဟယ်လီ‌ဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ...
movie

Showdown at the Grand (2023)

2023
Operation Black Ops (2023)
Operation Black Ops (2023) အခု ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လက်နက်ကို ပြောပါဆိုရင် အဏုမြူလက်နက်လို့ ဖြေကြပါလိမ့်မယ်။ အကယ်၍ ကမ္ဘာပေါ်မှာ အဏုမြူလက်နက်ထက် ပိုပြီးဆိုးရွားတဲ့လက်နက်တစ်မျိုး ရှိနေမယ်ဆိုရင်ရော ..... ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ တပ်မတော်က ရေဗန်စ်ဘရက်လို့ခေါ်တဲ့ ချွေးတပ်စခန်း တစ်ခုမှာ သုတေသနတွေကို လျှို့ဝှက်ပြီး စမ်းသပ် ရှာဖွေနေခဲ့ပါတယ်။ဒါပေမယ့် နာဇီတို့ စစ်ကြီးရှုံးနိမ့်သွားတဲ့အခါမှာတော့ သုတေသနတွေကို ရပ်နားခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဂျာမနီရဲ့ ရွှေရောင်နေ့တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးမယ့်ဆိုပြီး The Childre of Hitler's resistance လို့ခေါ်တဲ့ နာဇီလက်သစ်အဖွဲ့ကနေ ထိုသုတေသနကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။ အဲဒါကို ကြားသိသွားတဲ့ CIAကနေပြီး နိုအာဆိုတဲ့လူကို ဦးဆောင်ဦးစီးပြုပြီး ဘလက်အော့စ် အဖွဲ့ကို ဖွဲ့စည်းကာ ဂျာမနီနိုင်ငံကို စေလွှတ်လိုက်ပါတော့တယ်။ အဏုမြူလက်နက်ထက် ပိုဆိုးတဲ့ လက်နက်က ဘာလဲ .... ဘယ်လိုစမ်းသပ်မှု ...
movie

Operation Black Ops (2023)

Deadly Desire (2023) 6.0
Deadly Desire (2023) Deadly Desire (2023) =============== IMDb Rating - 6.0/10ငယ်သူငယ်ချင်းဖြစ်သူ ‌မယ်လိုဒီ့ကိုပြန်အဆက်အသွယ်လုပ်လိုက် ရာမှ ကံဆိုးမှုတွေကြုံလာရတဲ့ ဆိုဖီယာ။ ဆိုဖီယာ အိမ်ထောင်မပြုခင် အပျိုနောက်ဆုံးညပါတီပွဲကျင်းပဖို့အတွက် သူငယ်ချင်းတွေကိုခေါပြီး အပန်းဖြေအိမ်မှာ သွားနေကြတယ်။ ‌အဲ့ထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းဟောင်း မယ်လိုဒီလည်းအပါအဝင်ပေါ့။ဒါပေမဲ့ အပျော်တွေကနေ ကံဆိုးမှုတွေအဖြစ်ပြောင်းလဲသွားတဲ့အခါ မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ မယ်လိုဒီက ဘယ်လိုကံဆိုးမှု တွေကို ယူဆောင်လာတဲ့ဆိုတာ‌ကို ကြည့်ရှုရမဲ့ လူသတ်ကားတစ်ကား ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.0 GB) / (368 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Deadly Desire (2023)

2023
The Flood (2023) 4.2
The Flood (2023) The Flood (2023) ================ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြော နေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator) စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေ တွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာ လည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက် ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေ ထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့် မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သား တွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက် ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီး တခြားသူတွေနဲ့ကွဲပြားနေပါတယ်။တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်း သဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲ ကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လို ကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေ‌အနေကိုဘယ်လိုကျော်ဖြတ် သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat  ဖြစ်ပါတယ်)File Size..........(1.48 GB) / (565 MB) Quality............WEB-DL 1080p / ...
movie

The Flood (2023)

2023
Homestead (2023)
Homestead (2023) အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ...သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Horror, Thriller, Western Subtitle….Myanmar ...
movie

Homestead (2023)

The Last Deal (2023) 5.5
The Last Deal (2023) The Last Deal (2023) ===============ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီက ဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပို့လိုက်နဲ့ အလုပ်ဖြစ် နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က တရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တို့လို အရောင်းအဝယ်သမား တွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်း မရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ် က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်း နားလည်သွားပါတယ်။ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီး ဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါ သွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကို လိုက်ဖမ်းတဲ့အခါ ရဲတိုင်လို့လည်းမရတဲ့ ဗင့်စ်တို့ ဘယ်လိုဖြေ ရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ် ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.29 GB) / (540 MB) / (310 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......EL Encoder..........SWM
movie

The Last Deal (2023)

2023
Colonials(2023) 6.7
Colonials(2023) Colonials(2023)**************မစ်ရှင်နဲ့ အဂႅါဂြိုဟ်ပေါ်ကနေ ကမ္ဘာကိုသွားဖို့လုပ်ရင်း အိတ်ဇိုင်းလ်တွေတိုက်ခိုက်မှုကြောင့်ဆိုင်းလက်စ်ဆိုတဲ့ ကိုလိုနီတစ်ယောက် အတိတ်မေ့သွားခဲ့ရပါတယ်။ဒါပေမဲ့ သောမတ်စ်နဲ့ ဇိုးအီးဆိုတဲ့ ကမ္ဘာကလူသားနှစ်ယောက် ကယ်တင်တာခံခဲ့ရပါတယ်။ဒါပေမဲ့ အိတ်ဇိုင်းလ်တွေကြောင့် ကမ္ဘာကြီးပျက်တော့မလိုဖြစ်နေရပြီး ဆိုင်းလက်စ်ရဲ့အာကာသယာဉ်ကိုလည်းအိတ်ဇိုင်းလ်တွေယူသွားကြတဲ့အခါ.. ဆိုင်းလက်စ်တစ်ယောက် သူ့မှတ်ဉာဏ်တွေပြန်ရပြီးယာဉ်ကိုပြန်ယူနိုင်ပါ့မလား.. အိတ်ဇိုင်းလ်နဲ့ ကိုလိုနီတွေဆိုတာကရော ဘာတွေလဲဆိုတာကတော့...File Size :(1.8GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Colonials(2023)

Hellblazers (2022) 4.5
Hellblazers (2022) ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing
movie

Hellblazers (2022)

2022
Bullet Train (2022) 7.5
Bullet Train (2022) Bullet Train (2022)ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ဇာတ်လမ်းအကျဉ်းဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့ သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေ အကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါ တလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Actjon, Comedy , Tbriller Quality…. 4K HEVC | 1080p | ...
movie

Bullet Train (2022)

2022
4K HEVC