Channel Myanmar

Mike Tyson

Asphalt City (2024) 6.1
Asphalt City (2024)  အကယ်ဒမီဆုရှင် ဝါရင့်မင်းသား Sean Penn နဲ့ X-Men မင်းသား Tye Sheridan တို့နှစ်ယောက် အဓိကပါဝင်ထားတဲ့ နယူးယောက်မြို့က ကြက်ခြေနီတွေအကြောင်း ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ် နယူးယောက်မြို့ ညချမ်းကာလတွေမှာ လှပတဲ့နေရာတွေ အစုံအလင်ရှိသလို တဖက်မှာလည်း သေနတ်ပစ်သံတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ အက်ဆီးဒင့်တွေနဲ့လည်း ဟန်ချက်ညီစွာ ပျားပန်းခတ်လို့နေပါတယ်Rut (Sean Penn) က စီနီယာ ကြက်ခြေနီဖြစ်ပြီး ခရော့စ် ကတော့ ဆေးကျောင်းဝင်ခွင့်စာမေးပွဲအတွက် တဖက်ကကြိုးစားရင်း အခုမှ ကြက်ခြေနီအလုပ်ကို စဝင်လာသူပါ သူတို့အလုပ်မှာ လူ့အသက်နဲ့ရင်းပြီး လုပ်ရတဲ့အပြင် ဖိအားဒဏ်တွေ၊ ဘယ်လောက်စေတနာထားထား အဆဲအဆိုချည်း ခံရပုံတွေ၊ အခက်အခဲတွေအပြင် ကျဥ်းထဲကျပ်ထဲမှာ ရွေးချယ်မှုတွေ ပြုလုပ်ရတာမို့...သူတို့ ဆေးဝန်ထမ်းတွေကိုယ်တိုင်လည်း ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် ထွေပြားမှုတွေ၊ စိတ်သံသယ၊ ယုံကြည်မှုပျောက်ဆုံးဖြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့ပါ မျက်ဝါးထင်ထင်မြင်ရအောင် တင်ဆက်ထားပြီး သူတို့ရဲ့ ပရဟိတ စိတ်ဓာတ်၊ ...
movie

Asphalt City (2024)

Once Within a Time (2023)
Once Within a Time (2023)  လောကကြီးမှာ လုပ်ခဲ့ရတာတွေ မလုပ်ခဲ့ရတာတွေကို "ဖြစ်ခဲ့ရင်" "မဖြစ်ခဲ့ရင်"ဆိုတဲ့ အတွေးတွေ လူတိုင်းမှာအနဲနဲ့အများတော့ ရှိတတ်ကြစမြဲပါပဲ......အာဒံ နဲ့ ဧဝ သာ ပန်းသီးကို မစားခဲ့ရင် ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့ရင် ဂျပန်ကို အမေရိကန်ကသာ အနုမြူဗုံးမကျဲချခဲ့ရင် ဂျူးတွေကို ဟစ်တလာက အစုလိုက်အပြုံလိုက်သာမသတ်ခဲ့ရင်ဆိုတာကနေစပြီး......သူနဲ့ အစကတည်းကသာတွေ့ခွင့်ရခဲ့ရင် သူ့ကိုသာ မယူခဲ့ရင် သူသာငါ့ကိုမထားသွားခဲ့ရင် ဆိုတဲ့အထိ အနဲနဲ့အများတော့ရှိတတ်ကြစမြဲပါပဲ........ဒီရုပ်ရှင်လေးကတော့ ကမ္ဘာကြီးတစ်ခုရဲ့ အစကရယ် နောင်တရစရာ အမှတ်တရတွေနဲ့ ပျက်သုဉ်းသွားတဲ့ အဆုံးရယ် နောက်ထပ်အစပြုလာမဲ့ ကမ္ဘာကြီးရယ်ကို သရုပ်ဖော်ရိုက်ပြထားတာပါပဲ......ဇာတ်လမ်းအတွင်းမှာလည်း လက်ရှိ ကျွန်တော်တို့ကြုံတွေနေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို မီးမောင်းထိုးပြထားပြီး ရိုးသားအပြစ်ကင်းစင်တဲ့ကလေးငယ်လေးတွေရဲ့ မျှော်လင့်ချက်ကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ကားမို့......စကားမပြောပေမဲ့ စိတ်ထဲစွဲနေစေမဲ့ မက်ဆေ့ချ်လေးတော့ကျန်ခဲ့မှာပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ....... File size…(2.6 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….00:54:00 Genre...Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Once Within a Time (2023)

Medellin (2023)
Medellin (2023) Medellin (2023)ဟာသအက်ရှင်ကား ကောင်းကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကမင်းသားတွေအဖြစ် Taxi 5 ရုပ်ရှင်ထဲမှ မင်းသား Frank Gastambide နဲ့ 2 lone in Paris ဟာသရုပ်ရှင်ကားထဲမှ မင်းသား Ramzy Bedia တို့မှ တွဲဖက်မိမိနဲ့ သရုပ်ဆောင်ထားပါတယ်။ Mike Tyson လည်း ပါဝင် အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရီဒါဟာ ပြင်သစ်မှာ လက်ဝှေ့အားကစားရုံဖွင့်ထားတဲ့လူတစ်ယောက်ပါ။ သူ့ညီဖြစ်သူ ဘရာဟင်းကတော့ နာမည်ကြီးမင်းသားအတိုင်း ဝတ်စားပြင်ဆင်တတ်တဲ့ Influencer တစ်ယောက်ပါ။ ဘရာဟင်းလည်း ကိုလမ်ဘီယာနိုင်ငံ မက်ဒလင်းမြို့ကို သွားလည်ရင်းနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ အဲဒါကို သိသွားတဲ့ ရီဒါလည်း သူ့ညီကို ဒီအတိုင်းပစ်မထားနိုင်တာကြောင့် ဘရာဟင်းကို ကယ်ဖို့ ကိုလမ်ဘီယာကို လိုက်ဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရီဒါရယ် စတန်ရယ် ရှာဖိခ်ဆိုတဲ့ လူပုလေးတို့ ဘရာဟင်းကို ကယ်ဖို့လာရင် မက်ဒလင်းမြို့မှာ စွန့်စားခန်းထွက်ပါတော့တယ်......အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Medellin (2023)

2023
Grudge Match(2013) 6.4
Grudge Match(2013)  လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie

Grudge Match(2013)

Rocky Balboa(2006) 7.1
Rocky Balboa(2006)  လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p ...
movie

Rocky Balboa(2006)

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

Liger (2022) 3.1
Liger (2022) Liger (2022)ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဲ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံး Bollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြော ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့ အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်..သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်...အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့...သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ...။MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား...။ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်း အကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်...လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့ ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…8.4GB / 3.98GB / 1.8GB Quality…4k HEVC WEB DL /1080p AVC ...
movie

Liger (2022)

2022
4K HEVC
Vendetta (2022) 3.5
Vendetta (2022) ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။  အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။  သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vendetta (2022)

2022
When Will I Be Loved (2004) 4.4
When Will I Be Loved (2004) When Will I Be Loved (2004) - 18+ =====================(၂၀၀၄)ခုနှစ်ကထွက်ရှိခဲ့တဲ့ လူစုကြည့်ရမယ့်ဇာတ်ကားလေးလာပါပြီ။ ငွေသာလျှင် ဘုရားသခင် ငွေရဖို့ဘာမဆိုလုပ်မယ်ဆိုတဲ့ Ford၊ ဥစ္စာပေါ ရုပ်ချောလက်ညှိုးညွှန်ရေဖြစ်နေတဲ့ အချစ်ငတ်နေသူ Vera၊ ချစ်သူဖြစ်သူ Ford ရဲ့ တန်ဖိုးထားခြင်းမခံရပဲ အချစ်ငတ်နေရသူ Veraလေး အချစ်ကို လိုက်ရှာနေလိုက်တာ ကျားမမရွေးတဂျိန်းဂျိန်းလေးနဲ့ပေါ့။ ငွေရဖို့ဆိုဘာမဆို လုပ်မယ့် Ford ကလည်း ဒေါ်လာတစ်သိန်းလေးအလွယ်လေးပိုက်ဖို့အတွက် ချစ်သူ Vera လေးကို Court ဆိုတဲ့မြက်နုကြိုက်တဲ့ဘိုးတော်နဲ့တွေ့ပေးဖို့ ကြံလာတော့။ ယောကျ်ားသားတွေလည်တယ်ဆိုတာ မိန်းမတွေအိပ်သလောက်ပဲ ရှိတဲ့အကြောင်းရိုက်ပြထားတဲ့ မဂျိန်းတဂျိန်းအခန်းများနဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.7 GB) / (674 MB) / (420 MB) Quality – Web-DL 1080p / 720p / 480p Duration - 1Hr 21mins Subtitle – Myanmar Hardsub Format ...
movie

When Will I Be Loved (2004)

2004
Meet the Blacks (2016) 4.8
Meet the Blacks (2016) Meet the Blacks (2016)=================IMDb Rating - 4.8/10ခင်ဗျားတို့ကို ၁၂ နာရီတိတိ ကြိုက်တာ လုပ်ခွင့်ပေးမယ်? အဲဒီ ၁၂ နာရီအတွင်းမှာ လူသတ်ချင်လည်း သတ်၊ခိုးချင်လည်း ခိုး၊ ဘယ်ဒုစရိုက်မှုမဆို လုပ်လို့ရမှာဖြစ်ပြီး ဘယ်သူကမှလည်း အရေးယူခွင့်မရှိဘူး။ ဒါဆို ဘာလုပ်မလဲဒီလို အချိန်အတိုင်းအတာတစ်ခုနဲ့ လုပ်ချင်တာလုပ်ခွင့်ပေးထားခြင်းကို Purge (သုတ်သင်ခြင်း)လို့ ခေါ်သဗျ။တရားမမျှတသူတွေ မကောင်းတဲ့သူတွေကို လောကကြီးက ရှင်းထုတ်ဖို့ရာ နှစ်စဉ် တရားဝင် သတ်မှတ်ထားတာမျိုးပေါ့ကားလ် ဘလက်ခ်ဆိုတဲ့ လူညစ်ကတော့ ဒီကိစ္စကြီးကို ရှောင်နိုင်ဖို့ သူနေတဲ့ ချီကာဂိုကနေ မိသားစုနဲ့ လစ်ထွက်အရှုပ်ထုတ်တွေချန်ခဲ့ပြီး ဘီဗာလီဟေးဘ်ဆိုတဲ့ လူဖြူတွေချည်းရှိတဲ့ အရပ်ဒေသတစ်ခုမှာ လာအခြေချလေရဲ့။ ကံဆိုးချင်တော့ လူဖြူရပ်ကွက်က လူမည်းကို အလိုမရှိ အတိတ်က နောက်ကြောင်းမရှင်းခဲ့တာတွေကလည်းနေရာသစ်ထိ လိုက်လာ . ၁၂ နာရီတိတိ ရမ်းကားချင်သလို ရမ်းကားလို့ရတဲ့ Purge ဆိုတဲ့ သုတ်သင်ခြင်းနေ့နဲ့တည့်တည့်ကြီး ...
movie

Meet the Blacks (2016)

2016
Girls vs Gangsters (2018)
Girls vs Gangsters (2018) ဘဝမှာ သူငယ်ချင်းတွေ ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။စိတ်တူကိုယ်တူ ဖြစ်နေတဲ့ သူငယ်ချင်းကောင်းတွေ ရ ထားတဲ့သူတွေကတော့ အရမ်းကံကောင်းကြတယ်လို့ ပြောလို့ရပါပြီ။ကိုယ်နဲ့ ကောင်းတူဆိုးဖက် ကဲလို့ရတဲ့ သူတွေနဲ့ ဆိုရင်တော့ ကမ္ဘာ့ကြီးရဲ့ ဘယ်နေရာကို ရောက်နေနေကြောက်စိတ်မရှိဘဲ အရာရာကို ရင်ဆိုင် ကျော်လွှားနိုင်မှာပါ။Girls (2014) နဲ့ Girls Vs Gangster (2018) ဇာတ်ကားတွေကတော့မတည့် အတူနေ သိပ်ချစ်တဲ့ မိန်းကလေး သူငယ်ချင်း သုံးယောက် ကဲကြ ပွေးကြ နဲ့ လူဆိုးတစ်သိုက်နဲ့ ခြေရှုပ်မိရင်းဘာတွေ ဘယ်လို ဆက်ရှုပ်မလဲ အရယ်အမော လေးတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားတွေပါ။Hear Me ဇာတ်ကားထဲကမင်းသမီး Ivy Chen ,Hong Kong အဆိုတော် Fiona Sit,မင်းသမီး Janine ...
movie

Girls vs Gangsters (2018)

Ip Man 3 ( 2015 ) 7.1
Ip Man 3 ( 2015 ) ip man trilogy ရဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်IMDb 7.1 ရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်သာမန်သိုင်းကား အတိုက်အခိုက်တဲ့ရသတွေပေးတဲ့ကားမဟုတ်တာတော့သေချာတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီးမိုက်တိုက်ဆန်ကလဲသူ့အခန်းမှာ ကျကျနနပီပီပြင်ပြင်သရုပ်ဆောင်သွားတာကလဲဒီကားရဲ့အမှတ်ရစရာ အချက်တခုပါ…ဒီကားရဲ့အစမှာလဲအရင်ကားရဲ့အဆုံးဖြစ်တဲ့ဂျီကွမ်တိုကိုတီထွင်ခဲ့တဲ့ကမ္ဘာ့သိုင်းပညာဂုရုကြီးဘရုစ္စလီနဲ့ပြန်စထားပါတယ်ဒုစရိုက်မှုတွေနဲ့ ခြေရှုပ်နေတဲ့ဟောင်ကောင်မြို့ရဲ့တခေတ်တချိန်မှာ-တာဝန်ယူမှုတွေနဲ့မိသားစုကိုဂရုမစိုက်သလိုဖြစ်သွားခဲ့တဲ့ ယိမန်ရဲ့အကြောင်း…အရည်အချင်းရှိသူပြည့်ဝသူတယောက်ဟာတခြားလူကိုတိုက်ခိုက်ပြီးမှနေရာမယူတတ်ဘူးဆိုတာကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ မင်းသားဒန်နီယမ်း…သူနောက်ဆုံးပြောသွားခဲ့တဲ့ မင်းနားမှာရှိတဲ့မင်းချစ်တဲ့လူတွေလောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုတဲ့စကားဟာ လဲမှတ်သားစရာပါသာမန်လန်ချားဆွဲဘဝကနေ နံမည်ကျော်တယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့Cheung Tin Chi. ဟာလဲ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာမြင်ရမှာပါမလွတ်တမ်းကြည့်သင့်တယ်လို့ဆိုတာထက် ကြည့်ရမယ်လို့ပဲညွှန်းပါရစေဘာသာပြန်သူအညွှန်းရေးသူ မြန်မာကြီးဖြစ်ပြီး encoder ကတော့ LK ဖြစ်ပါတယ်
movie

Ip Man 3 ( 2015 )

2015
A Madea Family Funeral (2019) 4.3
A Madea Family Funeral (2019) ဟာသကားကြိုက်တဲ့သူတွေအတွက်ရယ်စေ မယ့်ကားကောင်းလေးတစ်ကားပါမိသားစုတစ်စုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်ရုတ်တရက်ဟိုတယ်မှာဖေါက်ပြန်နေရင်းသေသွားတဲ့အခါ...အဖေဖြစ်သူသေသွားတဲ့အချိန်မှာ သားဖြစ်သူကလည်းဟိုတယ်မှာရှိနေတဲ့အချိန်ဆွေမျိုးတွေကလည်းအလည်လာရင်းဟိုတယ်မှာတည်းတဲ့အချိန်....အသုဘချဖို့ပြင်ဆင်ရင်းတလွဲတွေဖြစ်ကျမယ့်မိသားစု မိခင်ဖြစ်သူသိမှာစိုးလို့ဖုံးထားရင်းဆွေမျိုးတွေကဝင်နှောင်တဲ့အခါမှာရော...ဘာတွေဆက်ဖြစ်ကျမလဲ နာရေးကောအဆင်ပြေပြေနဲ့ပြီးဆုံးသွားမလားဘာလျှို့ဝှက်ချက်တွေရောထပ်ပေါ်လာမလည်းဆိုတာရယ်မောရင်းနဲ့ကြည့်ရမယ့်ဟာသကားလေးတစ်ကားပါ File Size : (1 GB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 49min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encode by Moe Myint Lwin
movie


2019
Scary Movie 5 (2013) 3.5

Scary Movie 5 (2013)

2013
China Salesman(2017) 3.9
China Salesman(2017) ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။.... Qty - 720p Web DLDuration - 1hr 45minGern - ActionSubtitle - MyanmarTranslator - KenSubtitle Syn - Aye Mon KyawEncoder - Kyaw Ye Aung
movie

China Salesman(2017)

2017
Kickboxer: Retaliation (2018) N/A
Kickboxer: Retaliation (2018) ၂၀၁၈ခုနှစ်ထွက်အက်ရှင်ကားမှ အက်ရှင်ကားဖြစ်တဲ့အတိုက်အခိုက်တွေ မွေထိုင်းဘက်စုံတိုက်ခိုက်ရေးဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအတွက်စိတ်ကြိုက်တွေ့စေမယ့်ကားလေးပါ။ဒီကားမှာတော့ ကာ့ဒ်တစ်ယောက် ထိုင်းကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့ပေမယ့် MMA ကမ္ဘာ့ချန်ပီယံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လည်ခြေချရပါတော့တယ်။ခဏတာတိမ်းရှောင်ခွင့်ရခဲ့ပေမယ့် ထိုင်းကိုပြန်လာမိတာနဲ့ ယခင် အတိတ်ကရာဇ၀င်ကြွေးတွေဆပ်ဖို့အကြောင်းဖန်လာပါတော့တယ်။  ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့ အခါမှာတော့ မွန်ကွတ်ဆိုတဲ့ လူသန်ကြီးကိုအနိုင်ယူနိုင်မှဖြစ်တော့မယ်ဆိုတဲ့အခါမှာတော့ လက်ဝှေ့ကျော်ကြီး မိုင်တိုင်ဆန်၊ ဘောလုံးအကျော်အမော်ကြီး ရိုနယ်ဒင်ဟို၊ နာမည်ကျော်မင်းသားကြီးဗန်ဒိန်းတို့ရဲ့ ရောသမမွှေလေ့ကျင့်ပေးမှုတွေနဲ့အတူ ကာ့ဒ်တစ်ယောက်ကြွေးရှင်းနိုင်မလား။တစ်ခါတည်းဇာတ်သိမ်းသွားမလားဆိုတာတော့ အက်ရှင်ကားပရိသတ်တွေကိုယ်တိုင်ပဲ ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦး  File Size : (900 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 50min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.x264-ZMG Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie


2018