Channel Myanmar

Mikhail Evlanov

9th Company (2005)
9th Company (2005)  IMDb 7.1, RT 69%SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ...
movie

9th Company (2005)

Major Grom: Plague Doctor (2021) 6.5
Major Grom: Plague Doctor (2021) Mayor Grom 2021 -----------------------------IMDb 6.5သူ့နာမည်က "အီ​ဂေါဂရွန်"၊ ရုရှား စိန့်ပီတာစဘတ်စ်က စုံ​ထောက်တစ်​ယောက် သူ့မှာ လုပ်ထုံးလုပ်နည်းမရှိဘူး၊ အထက်အမိန့်ဆိုတာ သူ့အတွက် အပိုဆာဒါး၊ တရားခံမိဖို့အတွက်ဆို ရှိသမျှ တရားဥပ​​ဒေ​တွေ၊ ​​ဘောင်​တွေအကုန်​ဖျက်ပြီး ကျားကုတ်ကျားခဲဖမ်းတဲ့သူသူ့ရဲ့တရားခံဖမ်းနည်းက တစ်မျိုးဆန်းတယ်၊ တရားခံကို လိုက်ဖမ်း​နေတဲ့အချိန်အတွင်းမှာကို ဖြစ်လာနိုင်​ချေရှိတဲ့ကိစ္စတိုင်းကို သူ့ရဲ့စိတ်ကူးနန်း​​တော်ထဲမှာ အရင်စဥ်းစားပြီးမှ အ​ကောင်းဆုံးရှု​ထောင့်ကို ​ရွေးပြီး လက်ရဖမ်းတတ်သူမျိုး တိုက်ရည်ခိုက်ရည်ကလည်းအပြည့်၊ တစ်နည်း​ပြောရရင် ရှားလော့ဟုမ်းရဲ့ဉာဏ်ရည်နဲ့ ဆားပုလင်းနှင်း​မောင်ရဲ့လက်ရည်​ပေါင်းစပ်ထားတဲ့ စုံ​ထောက်Plague Doctorဆိုတဲ့ နာမည်နဲ့လိုက်​အောင် စိန့်ပီတာစဘတ်စ်မြို့ကို ကပ်​ဘေးဆိုက်​အောင်လုပ်​နေတဲ့ လူ့မလိုင်အသိုင်းအဝိုင်း​တွေကိုပဲ ပစ်မှတ်ထားပြီး ​​​သွေး​အေးရက်စက်စွာ သတ်ဖြတ်တဲ့သူ၊ ပလိပ်​ရောဂါ​ခေတ် မျက်နှာဖုံးတပ်ထားတဲ့သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမခန့်မှန်းနိုင်ကြသလို သူသတ်ဖြတ်​နေတဲ့ ဗီဒီယို​တွေကိုပါ ရုပ်သံက​နေလွှင့်ရဲတဲ့အထိ အ​ကြောတင်းတဲ့ လူသတ်သမားဒီနှစ်​ယောက်ရဲ့ ဉာဏ်ရည် လက်ရည်ယှဥ်ပြိုင်ကြတဲ့အချိန် ဘယ်သူက ဘယ်လိုအသာစီးရသွားမလဲ၊ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့် တစ်​ယောက်ကိုတစ်​​ယောက် ဘယ်လိုကတုံး​ပေါ်ထိပ်ကွက်သွားမလဲ ဇာတ်လမ်းအစက​နေ အဆုံးထိ တစ်ကွက်မှ ပျင်းစရာမ​ကောင်း၊ အီ​လေးမဆွဲပဲ ရုရှားဇာတ်ကားတို့ထုံးစံအတိုင်း ...
movie

Major Grom: Plague Doctor (2021)

2021