Channel Myanmar

Mila Jones

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
Nikki & Nora: Sister Sleuths (2022) 6.6
Nikki & Nora: Sister Sleuths (2022)  Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ...
movie

Nikki & Nora: Sister Sleuths (2022)

Christmas at the Chalet (2023) 6.5
Christmas at the Chalet (2023)   ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie

Christmas at the Chalet (2023)

Disquiet (2023)
Disquiet (2023) ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။ File size…(930 MB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Disquiet (2023)

Monster High: The Movie (2022) 4.7
Monster High: The Movie (2022)  Monster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်…..Main character က​လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ် တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ် Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့ Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း ကျောင်းကိုဖျက်ဆီးမဲ့အကြံကိုဘယ်လိုဖော်ထုတ်နိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(2.48GB) / (1.22GB) / (789MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre...Action / Adventure / Fantasy Subtitle….Myanmar Subtitle ...
movie

Monster High: The Movie (2022)

The Bad Seed Returns (2022) 5.6
The Bad Seed Returns (2022) The Bad Seed Returns (2022)Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို ...
movie

The Bad Seed Returns (2022)

2022
North to Home (2022) 7.5
North to Home (2022) North to Home (2022) မြန်မာစာတန်းထိုး********************************** ဒီကားလေးက မိသားစုနဲ့ အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟန်နာ၊ ဘက်သ်နဲ့ ပိုစီဆိုတဲ့ ညီအစ်မ ၃ ယောက် အကြောင်းရိုက်ထားတဲ့ ဇာတ်ကားလေးပါ။တကယ်တော့ သူတို့ ကလေးဘဝက အင်မတန် ဆိုးရွားခဲ့ပါတယ်။ မိဘအရင်းတွေက တောင်တက်ပြီး နှင်းမုန်တိုင်းနဲ့ သေသွားခဲ့ကြတယ်။ အဲ့လိုနဲ့ သူတို့အမေအရင်းရဲ့ အချစ်ဆုံး ဆူဇန်းတို့ လင်မယားက မတော်တဆမှုက သူတို့ မပါလို့ ဖြစ်ရတာလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း သူတို့လေး ၃ ယောက်ကို မွေးစားပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ညီအစ်မ ၃ ယောက် အမေ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ပွဲလေးလုပ်ဖို့ မိဘအိမ်ကို ပြန်လာကြတဲ့အခါ ဘယ်လို အခက်အခဲတွေ ဘယ်လို စိတ်ခံစားမှုတွေကို ကြုံတွေ့ရမလဲ။ဆောင်းတွင်းလေး စောင်ထဲကွေးပြီး ကြည့်ရင်း မျက်ရည်ကျရမယ့် ဇာတ်ကားလေးပါပဲ။ဒီကားလေးကို ကြည့်ရင်း “မိသားစု” တန်ဖိုးကို ...
movie

North to Home (2022)

2022