Channel Myanmar

Miles Elliot

Camp (2013) 6.7
Camp (2013) မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေကပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကိုစုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီးရိုက်တတ်သူတစ်ယောက်ပါ။ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီးနွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ်အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာလုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက်နွေရာသီစခန်းကို ရောက်လာပါတော့တယ်။မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကိုဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲစခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော်ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size…  2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Camp (2013)

2013
Cooties(2014) 5.7
Cooties(2014) Cooties(2014)============ကလင့်တ်ဟဒ်တ်ဆန်(Clint Hadson)ဆိုတဲ့ ကျောင်းဆရာတစ်ဖြစ်လဲစာရေးဆရာတစ်ယောက်ဟာ စာသင်ဖို့အတွက် သူငယ်ငယ်ကတက်ဖူးခဲ့တဲ့ကျောင်းကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီကျောင်းမှာ ရောဂါရှိနေတဲ့ ကြက်သားတုံးတွေစားမိတာကြောင့် ခူးတီစ်(cooties)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး ကလေးတွေဟာဇွန်ဘီ (zombie)တွေဖြစ်ကုန်ကြပါတယ်။ ဒီခူးတီစ်ဖြစ်နေတဲ့ကလေးတွေက ကလင့်တ်နဲ့တခြားဆရာတွေကိုလိုက်ပြီးသတ်ကြတဲ့အခါမှာ သူတို့လက်ထဲကနေလွတ်အောင်ဘယ်လိုပြေးကြပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကို သွေးသံရဲရဲတွေနဲ့အတူ ဟာသလေးနှောပြီးကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.62GB / 634MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Cooties(2014)

The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC