Channel Myanmar

Mille Dinesen

Copenhagen (2014)
Copenhagen (2014)  ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Copenhagen (2014)

Maybe Baby aka Bytte bytte baby (2023) 5.8
Maybe Baby aka Bytte bytte baby (2023)   ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသ​နှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p ...
movie

Maybe Baby aka Bytte bytte baby (2023)

Hacker (2019) 5.4
Hacker (2019) ဒီတစ်ခါကား​လေးက​တော့အက်ရှင်ကား​ကောင်း​လေးတစ်ကားပါအန်နာဝှစ်ခ်မန်းမှာဘန်ဂျမင်ဆိုတဲ့သား​လေးတစ်​ယောက်ရှိတယ်ဘန်ဂျမင်၆နှစ်သား​လောက်မှာသူရဲ့မိခင်အန်နာဟာ ဇီးရက်စ်ဆိုတဲ့​ကွန်ပျူတာပရိုဂရမ်တစ်ခု​ကြောင့်လူ​​တွေသူမ​နောက်လိုက်လာရင်းတံတား​ပေါ်ကခုန်ချပြီး​သေဆုံးသွားခဲ့တယ်ဘန်ဂျမင်​လေးဟာ မိဘမဲ့​ဂေဟာမှာ​နေထိုင်ရင်းကြီးပြင်းခဲ့တယ်သူဟာ ဟက်ကာ​လေးတစ်​ယောက်ဖြစ်လာပြီးစာ​မေးပွဲ​မေးခွန်း​​တွေရဲ့ရလဒ်​တွေကိုဟက်​​ပေးပြီး ပိုက်ဆံရှာခဲ့တာ​ပေါ့တစ်​နေ့မှာသူအ​မေအ​ကြောင်းကိုရှာ​ဖွေ​နေတဲ့အဖွဲ့အစည်းတစ်ခုကသူမလို့ထင်ရတဲ့အမျိုးသမီးတစ်​ယောက်ကိုရှာ​တွေ့ခဲ့တယ်အဲ့အဖွဲ့ဟာဘန်ဂျမင်ရဲ့​ကျောင်းကို​ရောက်လာခဲ့ပြီးသူ့ကိုအန်နာရဲ့အ​ကြောင်း​တွေစုံစမ်းခဲ့တယ်အဲ့အချိန်ကစပြီးဘန်ဂျမင်က သူ့ရဲ့မိခင်ဟာဘာ​ကြောင့်​သေဆုံးခဲ့တာလဲဘာ​ကြောင့်အခုလိုသူ့အ​မေအ​ကြောင်းကိုလာစုံစမ်းတာလည်းဆိုတာလိုက်လံဖော်ထုတ်ခဲ့တာ​ပေါ့​နောက်ပိုင်းမှာသူဘာ​တွေရှာ​တွေ့ခဲ့လဲဘာ​တွေအခက်အခဲကြုံခဲ့လဲဆိုတာကြည့်ရှု့ရမှာပါ File Size : ( 960 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 37minFormat : Mp4Genre : Action , FamilySubtitle : Myanmar Subtitle (Hard Sub)Translated by Hsu LeiEncoded by Moe Myint Lwin 
movie

Hacker (2019)

2019