Channel Myanmar

Milo Taboada

All the Names of God (2023)
All the Names of God (2023) အကြမ်းဖက်ဝါဒ (terrorism)တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ...
movie

All the Names of God (2023)

Amazing Elisa (Asombrosa Elisa) (2022)
Amazing Elisa (Asombrosa Elisa) (2022) Thriller drama အမျိုးစားဖြစ်တဲ့ စပိန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Sadrac González-Perellónကနေ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှု့ရမှာဖြစ်ပြီး မထင်ထားလောက်မယ့် plot twistနဲ့ ချပြထားဟန်က စွဲဆောင်မှု ရှိလှပါတယ်။အယ်လီနေရာမှာ သရုပ်ဆောင်ထားတဲ့ Jana San Antonioရဲ့သရုပ်ဆောင်မှုတွေကလည်း ပြောင်မြောက်လှပြီး talented castတွေဖြစ်တဲ့ Silvia Abascal, Asier Etxeandia, and Iván Massaguéတို့တွေကပါ chemistry မိမိနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ဇာတ်လမ်းလေးကို မိသားစု ၂ခုအကြောင်းနဲ့ အစပြုထားပါတယ်။ ဇာတ်လမ်း တစ်လျှောက်လုံးမှာလည်း ထိုမိသားစု၂ခုအကြောင်းကို အလွှာတစ်ခုချင်းကို တဖြည်းဖြည်းနဲ့ ဇာတ်ကိုဆွဲခေါ်ထားတဲ့ပုံစံနဲ့ ရိုက်ပြထားပါတယ်။အီစတီဘန်နဲ့ အယ်လီဆာက သားအဖပါ။ အယ်လီတို့ ရဲ့အမေကတော့ ကားမတော်တဆမှုမှာ ဆုံးပါးသွားပါတယ်။ ဟက်တာနဲ့ အူဆူလာတို့ကတော့ လင်မယားပါ။ ဟက်တာက ပန်းချီဆရာ၊ အူဆူလာကတော့ အောက်ပိုင်းသေနေတဲ့ အိမ်သူဖြစ်ပါတယ်။ ...
movie

Amazing Elisa (Asombrosa Elisa) (2022)

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
Bird Box Barcelona (2023)
Bird Box Barcelona (2023) Bird Box Barcelona (2023)ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Bird Box Barcelona (2023)

2023