Channel Myanmar

Milorad Kapor

[18+] Zillion (2022) 7.4
[18+] Zillion (2022) IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး ...
movie

[18+] Zillion (2022)

Incoming(2018) 3.5
Incoming(2018) Incoming(2018)Sci-Fi, Thriller ,Actionကားလန်းလန်းလေးတွေကြည့်ရှုလိုတဲ့ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကားလေးနာမည်က Incoming (2018)ပါ။ဒီဇာတ်လမ်းလေးက ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး သရုပ်ဆောင်မှုကောင်းကောင်းတွေနဲ့ တင်ဆက်ထားနိုင်ပေမယ့် Rating တွေကတော့ ထင်သလောက်မကောင်းခဲ့ပါဘူး။Ratingနဲ့ ဇာတ်လမ်းနဲ့ချိန်ကြည့်နိုင်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံတကာ အာကာသစခန်းတစ်ခုဟာ ကမ္ဘာပေါ်က အန္တရာယ်ရှိ အကျဉ်းသားတွေကိုချုပ်နှောင်ထားရာနေရာတစ်ခုပါ။ထိုနေရာကိုရောက်ပြီးရင်ဘယ်သူမှပြန်မထွက်နိုင်သလို အဲ့ဒီအကျဉ်းထောင်မှာ ဘာတွေဖြစ်တယ်၊ဘာတွေရှိတယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။တစ်နေ့မှာတော့ ထိုအကျဉ်းထောင်ကိုအာကာသယာဉ်မှုးအသစ်တွေရောက်လာတဲ့အချိန်...အကျဉ်းသမားတစ်ယောက်လွတ်မြောက်ကာအကျဉ်းထောင်ကို အပိုင်စီးလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ?မထင်မှတ်ထားတဲ့ လျှို့ဝှက်နက်နဲမှုတွေနဲ့ဘယ်လိုလျှို့ဝှက်ချက်တွေကိုသိလာရမလဲ?စတဲ့ သို့လော့သို့လောမေးခွန်းတွေနဲ့ရင်တစ်ဖိုဖိုနဲ့ကြည့်ရှုရမှာပါ။အားလုံးသဘောကျနှစ်ခြိုက်မယ်လို့လဲ မျှော်လင့်ရင်းChannel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Qty - 720p Web DLGern - Sci-FiDuration - 1hr 45minTranslator - AkaryiEncoder - Kyaw Ye Aung
movie

Incoming(2018)

2018
Lockout (2012) 6.1
Lockout (2012) Lockout (2012)_____IMDb - 6.1/10  ခေတ်မှီဆန်းပြားတဲ့အမေရိကန်တို့ရဲ့တီထွင်ဖန်တီးမှုနဲ့ အာကာသပေါ်က ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီအကျဉ်းထောင်ထဲမှာ နိုင်ငံတစ်ကာက ဆိုးပေ့ဆိုတဲ့ လူသတ်ကောင်နဲ့ မုဒိမ်းကောင်တွေကို အိပ်ပျော်စေ အောင်ပြုလုပ်ပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီထောင်ကို အမေရိကန်သမ္မတရဲ့သမီးက လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ လာပြီး အကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ အဲဒီမှာ အကျဉ်းသားတွေ လွတ်ထွက်လာကြပြီး ထောင်ကြီးကို အပိုင်စီးလိုက်ကြ ပါတယ်။မင်းသားကတော့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယအဝင်ခံနေရပြီး အစစ်ဆေးခံနေရသူပေါ့။ သူအဖမ်းမခံရခင် လျှို့ဝှက်ချက်ကို လက်လွှဲပေးခဲ့တဲ့သူက အဲဒီထောင်ကြီးထဲကိုရောက် နေတာကြောင့် သမ္မတသမီးကို တစ်ဦးတည်းသွားကယ်ဖို့တာဝန်ကို ယူလိုက်ပါတယ်။ ခေတ်မီတဲ့ထောင်ကြီးထဲမှာ အကျဉ်းသား ၅၀၀ နဲ့ ၁ ယောက်တည်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ။ သမ္မတ သမီးလေးကိုရော ကယ်နိုင်မလား။ သူ့ရဲ့အရှုပ်အရှင်းတွေကလည်း ဘာတွေဖြစ် လာမလဲဆိုတာ ကြည့်လိုက်ကြပါ။Imdb rating 6.1 ရထားတဲ့ကားပါ။ ထုတ်လုပ်သူက Taken ...
movie

Lockout (2012)

2012