Channel Myanmar

Minami Takayama

TEKKEN: The Motion Picture (1998) 5.2
TEKKEN: The Motion Picture (1998) ဒီဇာတ်ကားက 1998က ထွက်ရှိခဲ့တဲ့ Tekken gameရဲ့ animeဇာတ်ကားပဲဖြစ်ပါတယ်။ငယ်ငယ်တုန်းကတော့ DVD ခွေကို အိမ်ကလူကြီးတွေ မရှိတုန်းထိုးကြည့်ပြီး မပေါ့်တပေါ်လေးတွေ ခိုးကြည့်တာ သတိရကြမှာပါ :P Version ကလဲ DVD Version ကို 720p လောက်လေးပဲ ရလို့လောလောဆယ်တော့ ဒီဗားရှင်းလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး IMDb 5.2နဲ့ RTမှာ 5.3ရထားပါတယ်။ဒီဇာတ်လမ်းက မိရှီိမာမိသားစု​တွေရဲ့ ရန်ငြိုးကို အဓိကဇာတ်လမ်းတည်ထားတာပါ။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်တဲ့ ဟဲဟချိမိရှိမာ​ချောက်ကမ်းပါး​ပေါ်က​ ပစ်ချတာခံခဲ့ရပြီး ​သေရာပါဒဏ်ရာ​တွေနဲ့​သေကံမ​ရောက်ခဲ့တဲ့ ခါဇုယ မိရှီမာဟာ အ​ဖေကို ကလဲ့စား​​ချေဖို့မိရှီမာလုပ်ငန်းစုက ပြုလုပ်တဲ့ တိုက်ခိုက်​ရေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မိရှီမာလုပ်ငန်းစုရဲ့တရားမဝင်စမ်းသပ်ချက်​တွေကို ​ထောက်လှမ်းချင်​နေတဲ့ အစိုးရအဖွဲ့​တွေကဒီကိစ္စကိုစုံစမ်းဖို့ ​အေးဂျင့် ၂ယောက်ကို အဆိုပါပြိုင်ပွဲမှာ ပြိုင်ဖို့ ​စေလွှတ်လိုက်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဘာ​တွေဆက်ဖြစ်ကြမလဲ၊ခါဇုယက သူ့အ​ဖေကိုလက်စား​​ချေနိုင်မလား၊ မိရှီမာလုပ်ငန်းစုရဲ့မသမာမှု​တွေကို ​ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုရမှာပါ။ File size…    300 mb Quality… DVDrip  720p Format… mp4 Duration….  57m Genre ...
movie

TEKKEN: The Motion Picture (1998)

1998
Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie

Kiki’s Delivery Service (1989)

1989
Whisper of the Heart (1995) 7.9
Whisper of the Heart (1995)   IMDb 7.9 တောင်ရထားတဲ့ ကားဆိုတော့ ကာတွန်းကားဆိုပြီး အထင်သေးလို့မရတဲ့ အပြင် နာမည်ကြီး ကာတွန်းရုပ်ရှင် Spirited Away ကိုဖန်တီးထားတဲ့ ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ တခါက၁၄နှစ်အရွယ်ကျောင်းသူလေး Shizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့... သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ... ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှ Fairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့) စာအုပ်တွေငှားဖတ်လေ့ရှိပြီး သူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ... ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်... သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာ Seiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်... ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်း မမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့... ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကို ထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာ ရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်က တက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့... ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့ မှတ်တိုင်မှာဆင်းသွားတယ်တဲ့... ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizuku ကနောက်ကလိုက်ရင်း Alice ကနေ Wonderland ရောက်သလိုဖြစ်သွားမလားဆိုတာ ?? စိတ်ဝင်စားဖွယ်ဆက်လက်ရှုစားကြပါ သီချင်းတွေကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ် အမှားပါတာရှိ ခွင်.လွတ်ကြပါကုန် Japan Anime  တွေထုံးစံအတိုင်း ဇကားအပြီးမှာတော့ မက်ဆေ့ချ်တခုတော့ ရစမြဲမို့ ဒေါင်းယူကြည့်သင့်ပါတယ်ဗျာ ( ဒီကားလေးရဲ့အညွှန်းကို M-MDB Page မှ ကူးယူထားတာဖြစ်ပြီး ဘာသာပြန်သူကတော. Bommy Chan ပဲဖြစ်ပါတယ်။ )   File Size - 1.6 GB Quality ...
movie

Whisper of the Heart (1995)

1995
Detective Conan: The Fist of Blue Sapphire (2019)
Detective Conan: The Fist of Blue Sapphire (2019) #UnicodeDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော တီထွင်ဖန်တီးကလိသောအလုပ်ကိုလုပ်နေခိုက် မောင်နန်နှင့်မိယွန်းတို့ရောက်လာကြလေသည်။ မောင်နန်၏အမူအရာသည်တစ်စုံတစ်ခုကိုအလိုရှိနေသောအမူအရာဖြစ်နေ၍ ကျွန်ုပ်လည်းအဘယ်သို့သောအကြောင်းကြောင့်စိတ်နှလူံးအိမ်၌လိုချင်တပ်မက်မှုအာရုံထင်နေပေသနည်းဟုမေးမိလေရာ မောင်နန်လေးက သူ၏ချစ်သူ မိလွမ်းသည်စင်္ကာပူသို့အလည်ခရီးသွားသဖြင့် နောက်ကလိုက်ချင်နေကြောင်း၊ စင်္ကာပူသိူ့ဝင်ရန်လိုအပ်‌သောစာရွက်စာတမ်းအင်ထုရန်အလို့ငှာ ကျွန်ုပ်၏အကူအညီကိုလိုအပ်နေကြောင်းပြောပြအကူအညီတောင်းခံလေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာအလကားမရဆိုသည့်နှလုံးကိုမူလျက် မောင်နန်‌ဆီက ဖွတ်ကလိဒင်္ဂါးပြားတောင်မရနိုင်သည်ကိုသိ၍မကူညီနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးအော်ငေါက်ဆဲဆို၍ပြောလိုက်ရာ မောင်နန်လေးသည် အင်မတန်အိန္ဒြေကြီးသောအမူအရာဖြင့် နှုတ်ခမ်းစူခြေဆောင့်ကာထွက်သွားလေသည်။ ဤသို့ဖြင့်မောင်နန်လေးသည် ကျွန်ုပ်အပေါ်သဘောထားကြီးစွာဖြင့်စိတ်ကောက်နေပြီးအိမ်သို့ပေါ်မလာပဲနေရာ သီတင်းအပတ်နှစ်ပတ်ခန့်ကြာမှဘလက်ဘိုင်လိုက်ပြီးပြန်ပေါ်လာ၏။ အဘယ်ကြောင့်ဤသိူ့ဘလက်ဘိုင်လိုက်နေရသနည်းမေးကြည့်ရာ မောင်နန်လေးသည်စင်္ကာပူသို့တကယ်ရောက်သွားကြောင်း၊ အဖြစ်အပျက်များစွာလည်းဖြစ်ပျက်ခဲ့ကြောင်းကျွန်ုပ်အားကျကျနနရှင်းပြရှာလေသည်။ မောင်နန်လေး၏ရှင်းပြချက်များသည် စိတ်ကူးဖြင့်ပင်မကူးနိုင်လောက်သည့်ထူးဆန်းသောအဖြစ်အပျက်များပါနေလေရာ မောင်နန်လေးဖြီးဖြန်းနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောနေပေသည်ဟုကျွန်ုပ်က ယုံကြည်မိသည့်အလျောက် ဤလျှို့ဝှက်အပ်သောကိစ္စကိုအများသူငှာလူစုံတုန်းသိစေရန်အလို့ငှာ ရုပ်ရှင်အဖြစ် channel myanmarတွင် တင်ဆက်ပေးလိုက်ပါသည်။ မောင်နန်လေး၏ ပြောပြချက်များအတိုင်းတင်ပြပါမူ ရှုတ်ထွေးနေမည်စိုး၍အများသူငှာနားလည်စိမ့်ငှာစကားလုံးအသူံအနှုန်းများကိုရိုးရိုးရှင်းရှင်းပေါက်ကရတွေ‌ဘာသာပြန်ထားပါသည်။ အောက်တွင်ဖော်ပြထားသော linkမှာဒေါင်းယူပြီးကြည့်တော်မူကြပါကုန်။ #ZawgyiDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော ...
movie


2019