Channel Myanmar

Mirai Yamamoto

God of Novels (2020) 5.2
God of Novels (2020) Our Story ( 2020 ) ================Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ...
movie

God of Novels (2020)

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
Voices in the Wind (2020) 6.7
Voices in the Wind (2020) Voices In the Wind (2020)ဇာတ်လမ်းလေးကတော့ ၂၀၁၁ခုနှစ် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြီးဆုံး ပင်လယ်ရေအောက်ငလျင်နဲ့ ဆူနာမီမုန်တိုင်းကို အခြေတည်ရိုက်ကူးထားတာပါဒီဆူနာမီမုန်တိုင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တစ်ခုထိ စားဝတ်နေရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသဖြင့် အများကြီးဒုက္ခရောက် အခက်အခဲဖြစ်ခဲ့ရတာ အားလုံးအသိပါဆယ်စုနှစ်တစ်စုခန့်အကြာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်တွေ၊ တိုက်တွေ၊ လမ်းတံတားတွေ၊ မြို့တွေကို ​ပြန်လည်ပြုပြင်တည်ထောင်နိုင်ခဲ့ပေမယ့် ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်တွေ၊ ပူဆွေးသောကတွေကိုတော့ ကုစားဖို့ရာခက်ခဲလှပါတယ်ဒီဇာတ်လမ်းထဲက ဟာရူလေးဟာလည်း ၉နှစ်သမီးအရွယ်မှာ ဆူနာမီကြောင့် မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊ အမေနဲ့ မောင်လေး သုံးယောက်လုံးကိုဆုံးရှုံးလိုက်ရပြီး တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တာပါ"သွားလေသူထက် ကျန်ရစ်သူက ပိုနာကျင်ရတယ်" ဆိုတဲ့အတိုင်း မိသားစုအားလုံးကိုဆုံးရှုံးလိုက်တဲ့ ဟာရူအဖို့ ၉နှစ်ကြာသည့်တိုင် စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူးဒီလိုနဲ့၉နှစ်ကြာပြီးတစ်နေ့ ဟာရူတစ်ယောက် မိသားစုဝင်တွေနဲ့တူတူနေထိုင်ခဲ့တဲ့ အိုဆူချီမြို့က အိမ်လေးဆီ တစ်ယောက်တည်းခရီးနှင်လာတဲ့အခါ လမ်းမှာ လူအမျိုးမျိုးနဲ့ဆုံပြီး သူတို့ရဲ့ဘဝဇာတ်လမ်းအဖုံဖုံကို ကြားခဲ့ရပါတော့တယ်အရွယ်နဲ့မမျှအောင် နာကျင်မှုတွေမျိုသိပ်ထားရတဲ့အတွက် စကားနည်းပြီး ...
movie

Voices in the Wind (2020)

2020