Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mirchi Vijay
6.4
Adiyae! (2023)
Adiyae (2023)IMDb-6.6/10ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါတစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ဇာတ်လမ်းအကျဉ်းဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ...ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ...
movie
Adiyae! (2023)
2023
5.8
Let’s Get Married (2023)
Let's Get Married (2023)IMDb-6.3/10CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ"ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်" "လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်" ဒါတွေက ကြားဖူးနေကျပါ "လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်" ဆိုတာမျိုးရော ကြားဖူးကြလားဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါသမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်အမောလေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် File size… 2.62GB ...
movie
Let’s Get Married (2023)
2023
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
6.3
Hey! Sinamika (2022)
Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB Quality…720p WEB DL / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie
Hey! Sinamika (2022)
2022