Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Misa Uehara
8.1
The Hidden Fortress (1958)
IMDb 8.1 / Metascore 89% / Rotten Tomatoes 96%ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ ...
movie
The Hidden Fortress (1958)
7.4
Heavenly Forest(2006)
Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie
Heavenly Forest(2006)
2006
6.7
Ju-on: The Grudge (2002)
Ju-On: The Grudge (2002)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ ...
movie
Ju-on: The Grudge (2002)