Channel Myanmar

Misty Rosas

Altered (2006) 5.6
Altered (2006) Altered 2006ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူးဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror,  Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....  ...
movie

Altered (2006)

Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

My Favorite Girlfriend (2022)
My Favorite Girlfriend (2022) My Favorite Girlfriend (2022)ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Drama, Comedy ကားကောင်းလေးဖြစ်တဲ့ My Favorite Girlfriend ပါ။ဇာတ်လမ်းအကျဥ်းကတော့ ကွန်ရတ်ဆိုတဲ့ကောင်ချောလေးဟာ တစ်နေ့မှာ စားဖိုမှူးဖြစ်ချင်သူဆိုတော့ စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမယ်ရဝင်လုပ်နေသူတစ်ယောက်ပါ။ သူဟာ သိပ်ဇီဇာကြောင်လွန်းတော့ ဘယ်မိန်းကလေးနဲ့မှ ကြာကြာမတွဲဖြစ်ပါဘူး။ တွဲလိုက်တဲ့သူတိုင်းကိုလည်း ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ လမ်းခွဲပါတယ်။ ပလေးပါတယ်။တစ်နေ့သူ့အလုပ်က သူဌေးက တောက်တိုမယ်ရခိုင်းရင်း မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်စကားပြောဖြစ် ဖုန်းနံပါတ်ပေးကြပြီး ရင်းနှီးသွားကြတယ်။ အဲဒီမိန်းကလေးနဲ့ date လုပ်ရင်း မိန်းကလေးဟာ ရုတ်တရက် တခြားမိန်းကလေးစရိုက်အသွင် ပြောင်းလဲသွားပါတယ်။ ဒါကိုသူကတော့ နောက်နေတယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။ ကောင်မလေးကလည်း အလန်းဆိုတော့ ကွန်ရတ်ခမျာ ကြွေဆင်းပြီး စိတ်ဝင်စားပါတော့တယ်။ဒုတိယအကြိမ်ကောင်မလေး ထပ်စရိုက်ပြောင်းချိန်မှာတော့ ဒါဟာ သာမန်မဟုတ်ဘဲ စရိုက်ကွဲစိတ်ရောဂါရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလို စရိုက်အမျိုးမျိုးကွဲနေတဲ့ မိန်းကလေးကို ကွန်ရတ်တစ်ယောက် ဘယ်လိုကြောင်မလဲ၊ ဘယ်လိုကူညီမလဲဆိုတာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒရာမာကောင်းလေးမို့ လက်မလွှတ်ဖို့ ...
movie

My Favorite Girlfriend (2022)