Channel Myanmar

Mitzi Martin

Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

Dude, Where’s My Car? (2000) 5.5
Dude, Where’s My Car? (2000) Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Dude, Where’s My Car? (2000)

2000
S1m0ne 6.1
S1m0ne လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို  သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ  တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie

S1m0ne

2002