Channel Myanmar

Miwako Ichikawa

Call Me Chihiro (2023) 6.9

Call Me Chihiro (2023)

Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
Call Me Chihiro(2023) 6.7
Call Me Chihiro(2023) Call Me Chihiro(2023)********************Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ....အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ‌ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှလူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့...ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး....အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ်ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင်စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်....File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae
movie

Call Me Chihiro(2023)

Will I Be Single Forever? 6.3
Will I Be Single Forever? ‎Will I be single forever (2021)"တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား" ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။အထူးသဖြင့် "သားကိုသခင် လင်ကို ဘုရား" ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie

Will I Be Single Forever?

2021