Channel Myanmar

Mok Gyu-ri

Cart(2014) 7.0
Cart(2014) Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie

Cart(2014)

When Winter Comes (2022) 5.4
When Winter Comes (2022) When Winter Comes (2022)Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ...
movie

When Winter Comes (2022)

2022
The Anchor (2022)
The Anchor (2022) Anchor (2022)သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါSe-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး...“အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...”အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေ‌ဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ...
movie

The Anchor (2022)

2022